တိုက်ပွဲတွေကြောင့် ကချင်ဒေသခံတွေ ပိတ်မိနေ

  • 17 ဇန်နဝါရီ 2015
Image caption ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ချင်ပေမယ့် လုံခြုံရေးကြောင့် ဆိုပြီး အစိုးရတပ်က တားထား

ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ ၁၁မိုင်လောက်ဝေးတဲ့နေရာမှာ KIA ကချင်လွတ်မြောက်ရေးတပ် နဲ့ အစိုးရစစ်တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ရွာသားတွေ ပိတ်မိနေပါတယ်။

ပိတ်မိနေသူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေးရေးမှာ အကူအညီ ပေးဖို့ သွားတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ကား၅၀ လောက်ကိုလည်း အစိုးရစစ်တပ်က သွားခွင့် မပြုဘူးလို့ သိရပါတယ်။

KIAနဲ့ အစိုးရ စစ်တပ် တိုက်ပွဲဖြစ်တာ ၃ ရက်မြောက် ရှိပြီ ဖြစ်ပေမယ့် တိုက်ပွဲ ဖြစ်နေတဲ့ အောင်ဘာလေ၊ ငှက်ပျောတော၊ ကန်စီးနဲ့ သန်းခေါင်ရွာ တွေဘက်က ဒေသခံ အတော်များများ ကတော့ ဘယ်မှ သွားမရပဲ ဖြစ်နေပါတယ်။

တောလမ်းအတိုင်း ထွက်ပြေးလာလို့ စစ်ဘေး လွတ်ရာကို ရောက်သူကတော့ အနည်းအကျဉ်းဘဲ ရှိပါသေးတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ ကန်စီးရွာကနေ ထွက်ပြေးလာခဲ့တဲ့ ဒေသခံတယောက်က သူတို့ရွာတွေ ဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို ခုလိုပြောပြပါတယ်။

တိုက်ပွဲ ဖြစ်တဲ့နေရာက ဒေသခံတွေကို ဘေးလွတ်ရာ သယ်ပေးဖို့ အကူအညီ ပေးရေး အဖွဲ့တွေ ရောက်နေပေမယ့် အစိုးရ တပ်က လုံခြုံရေးကြောင့် တားထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရတဲ့ သတင်း အရတော့ အစိုးရတပ်က သိမ်းထားတဲ့ တောင်ကုန်းတချို့ကို KIAဘက်က ပြန်သိမ်းနိုင်တယ်လို့ သိရပြီး ၂ဖက်ထိခိုက် ကျဆုံးစာရင်းတော့ မသိရသေးပါဘူး။

KIA အနေနဲ့ကတော့ အစိုးရနဲ့ ကမ်းလှမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTအဖွဲ့က တဆင့် ဆက်သွယ်နေတယ်လို့ဆိုပေမယ့် ထူးခြားမှုတော့မတွေ့ရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ