နို​ဘယ်-မြန်မာ စာပေ ပွဲတော် ကျင်းပ

  • 17 ဇန်နဝါရီ 2015
nobel_literature_festival_
Image caption နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီ တွေရဲ့ အကူအညီ နဲ့ မြန်မာ စာပေလောက အသိုင်း အဝိုင်း က သူတွေ စုပေါင်း စီစဉ်တဲ့ ပွဲ ဖြစ်ပါ တယ်။

နိုဘယ် မြန်မာ စာပေ ပွဲတော် ဆိုတဲ့ ခေါင်းစဉ် နဲ့ ငြိမ်းချမ်းရေး နဲ့ ဆိုင်တဲ့ နိုင်ငံတကာ စာပေ ပွဲတော် တစ်ရပ် ကို ရန်ကုန် မြို့ အမျိုးသား ကဇတ်ရုံ မှာ ဇန်နဝါရီ ၁၇ ရက် နေ့က စလို့ ၃ ရက်ကြာ ကျင်းပ နေပါတယ်။

ငြိမ်းချမ်းရေး နဲ့ စာပေ နိုဘယ်ဆု တွေ ကို နှစ်စဉ် ချီးမြှင့်တဲ့ နော်ဝေနဲ့ ဆွီဒင် နိုင်ငံတွေ က နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီ တွေ ရဲ့ အကူအညီ နဲ့ မြန်မာ စာပေလောက အသိုင်းအဝိုင်း က သူတွေ စုပေါင်း စီစဉ်တဲ့ ပွဲ ဖြစ်ပါ တယ်။

စာပေ ကနေ တဆင့် ငြိမ်းချမ်းရေး ကို မြှင့်တင် လာနိုင်ဖို့ ဆိုပြီး ရည်ရွယ် ကျင်းပရတဲ့ အကြောင်း ပွဲစီစဉ်သူ တွေက ပြောပါတယ်။

အမျိုးသား ကဇာတ်ရုံ ခန်းမ ထဲမှာ စာပေ ဆိုင်ရာ စာတမ်း ဖတ်ပွဲတွေ၊ ဆွေးနွေးဝိုင်းတွေ၊ တခန်းရပ် ပြဇတ်တွေ စတဲ့ လှုပ်ရှား မှုတွေ ရှိသလို၊ ကဇာတ်ရုံ ဝင်းထဲ မှာလည်း စာအုပ် စျေးပွဲတော် ကျင်းပ နေပါတယ်။

အစ ကတော့ နိုင်ငံတကာ က ငြိမ်းချမ်းရေး နဲ့ စာပေ ဆိုင်ရာ နိုဘယ် ဆုရှင် တွေကို ဖိတ်ကြား ဖို့ စီစဉ် ခဲ့ပေမယ့်၊ ကျင်းပမယ့် နေရာ တိတိကျကျ သတ်မှတ် နိုင်တဲ့ ကာလ၊ ခွင့်ပြုမိန့် ရရှိချိန် စတာတွေ ကြန့်ကြာ ခဲ့မှုတွေ ကြောင့် နိုင်ငံတကာ ဧည့်သည် တွေ တော့ ပါဝင် မလာနိုင် ဘူး ဆိုပြီး ပွဲစီစဉ် သူ တစ်ဦး ဖြစ်တဲ့ စာရေးဆရာ ဖေမြင့် က ဘီဘီစီ ကို ပြောပါတယ်။

ဇန်နဝါရီ ၁၇ ရက် ဖွင့်ပွဲ နေ့မှာတော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းဆုကြည် က အမှာ စကားကို ဗီဒီယို ကနေ တဆင့် ပြောကြားခဲ့ သလို အစိုးရ ၊ လွှတ်တော် ခေါင်းဆောင် တွေ နဲ့ သံတမန် တွေ တက်ရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ