အနိမ့်​ဆုံး လုပ်​စာ နှုန်း​ထား မ​သတ်​မှတ် နိုင်​သေး

  • 18 ဇန်နဝါရီ 2015
master_sport_workers_ ဓာတ်ပုံ မူပိုင် AP
Image caption အနိမ့်ဆုံး လုပ်ခ သတ်မှတ် ပေးဖို့ အလုပ်သမား တွေရဲ့ တောင်းဆို မှုတွေ လည်း ရှိနေပါတယ်။

ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေ မှာ အနိမ့်ဆုံး လုပ်ခ လစာ နှုန်းထား သတ်မှတ် နိုင်ရေး နဲ့ ပတ်သက် လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် CTUM ရဲ့ ၃ ရက်ကြာ ဆွေးနွေး မှု ကနေ ငွေကြေး ပမာဏ အတိတကျ မဆုံးဖြတ် နိုင် ဖြစ်ခဲ့ ပါတယ်။

ဒါပေမယ့် အနိမ့်ဆုံး လုပ်ခ နှုန်းထား ကို တစ်ရက် အလုပ်ချိန် ၈ နာရီ အပေါ် မူတည် ပြီးတော့သာ အခြား ဆုကြေး၊ အချိန်ပိုကြေး၊ ရှားပါး စားရိတ် စတာ တွေ ထည့်တွက် တာမျိုး မလုပ်ပဲ သီးသန့် သတ်မှတ် ရမယ် ဆိုတဲ့ သဘော တူညီ ချက် တော့ ရရှိ ခဲ့ပါတယ်။

အစိုးရ ရဲ့ အလုပ်သမား အလုပ်အကိုင် နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနဲ့ ကလည်း အနိမ့်ဆုံး လုပ်ခ သတ်မှတ် နိုင်ရေး အတွက် အလုပ်သမား မိသားစုတွေ ရဲ့ အခြေခံ လိုအပ်ချက် တွေနဲ့ အလုပ်ရှင်တွေ ဘက်က တတ်နိုင် တဲ့ လုပ်ခ လစာ နှုန်းထား တွေ ကို စစ်တမ်း ကောက်ယူ ဖို့ ရှိနေပါတယ်။

ဒီ စစ်တမ်း ကို အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ် တွေ နဲ့ အစိုးရပိုင်း က တာဝန် ရှိသူတွေ က မြို့နယ်ပေါင်း ၁၀၈ ခု မှာ ဖေဖော်ဝါရီလ အကုန် အပြီး ကောက်ယူ ရမှာ ဖြစ်ပါတယ်။

အစိုးရက ဖွဲ့စည်း ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီ နဲ့ အတူ ဆွေးနွေး နေကြတဲ့ အလုပ်သမား သမဂ္ဂ တွေနဲ့ အလုပ်ရှင် တွေ အကြား မှာ ဘယ်လောက် ငွေကြေး ပမာဏ သတ်မှတ် မလဲ ဆိုတဲ့ အပေါ် အမြင် အမျိုးမျိုး ကွဲပြား နေပြီး အလုပ်ရှင် တွေ ဘက်က ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေတယ် လို့ အမျိုးသား အဆင့် ကော်မတီ ရဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးဝင်းဇော် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ