သံတွဲမှာ နေစရာ မရှိလို့ ဆန္ဒပြ

  • 19 ဇန်နဝါရီ 2015
ngapali
Image caption ငပလီ ကမ်းခြေကြောင့် ထင်ရှားတဲ့ သံတွဲ ဒေသ

ရခိုင် ပြည်နယ် သံတွဲ မြို့နယ် မှာ နေထိုင် သူ ၅ဝဝ ခန့် ဟာ ၁ဝ နှစ် ကနေ နှစ်ပေါင်း ၄ဝ ထိ နေနေကြ ပေမယ့် အိုးအိမ် အသစ် ဆောက်ဖို့ အတွက် မြေမရှိ ဘဲ ဖြစ်နေ တဲ့ အတွက် အိမ်ဆောက် ဖို့ မြေ ခွဲဝေပေး ဖို့ ဇန်နဝါရီလ ၁၉ ရက် နေ့က တောင်းဆို ခဲ့ကြပါတယ်။

သံတွဲ မြို့နယ် ဂျိတ္တော ကျေးရွာ မှာ အိမ်ထောင်စု ၁၁၈၁ စု၊ လူဦးရေ ၆ဝဝဝ ခန့် ဟာ အဲဒီ ရွာမှာ နေထိုင်တာ ၁ဝ နှစ် ကနေ နှစ် ၄ဝ ထိ ရှိနေပြီ ဖြစ် ပေမယ့် နေစရာ အိမ်ခြံ မရှိဘဲ ဖြစ်နေ ကြ တဲ့ အတွက် ဆန္ဒပြ ကြတာ လို့ သိရပါတယ်။

သံတွဲ မြို့နယ် အတွင်း မြေဈေး တွေ ခေါင်ခိုက် အောင် ဈေးတက် နေတာမို့ ဆင်းရဲသား တွေ ဝယ်ဖို့ မလွယ်ကူ ဘဲ ဖြစ်နေ ရ တယ် လို့ ဆိုပါတယ်။

သံတွဲမြို့မှာ ဒေသခံ ပြည်သူတွေရဲ့ မြေအများအပြား ဟာလည်း ဟိုတယ်ဇုန် အတွက် သိမ်းဆည်း ခံခဲ့ ကြသလို စစ်တပ် တွေ က လည်း တပ်ရင်း တိုးချဲ့ဖို့ သိမ်းသွား တာတွေ ရှိတယ် လို့ သိရပါတယ်။

ခုလို ဆန္ဒပြ တောင်းဆိုတဲ့ အပေါ်မှာ အထက်ကို တင်ပြပြီး ဆောင်ရွက် သွားမယ်လို့ သံတွဲ မြို့နယ် အုပ်ချုပ် ရေးမှူး က ဆိုပါတယ်။

သံတွဲမြို့နယ် အတွင်း မြေတွေကို အပြင်က စီးပွားရေး သမား တွေက နည်းမျိုးစုံနဲ့ ပိုင်ဆိုင် သွားကြ တဲ့ အတွက် ဒေသခံ တွေရဲ့ လက်ထဲမှာ မရှိ သလောက် ဖြစ်ကုန်ပြီ လို့ သိရပါတယ်။

တနင်္ဂနွေနေ့ က လည်း သိမ်းဆည်း ထားတဲ့ လယ်မြေတွေကို ပြန်ပေး ဖို့ သံတွဲမြို့ မှာ တကိုယ်တော် ဆန္ဒပြ တောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါတယ်။

တောင်းဆိုသူ ကိုစောဝေ ကို နောက်ပိုင်းမှာ အာဏာပိုင် တွေက ဖမ်းလိုက်တယ် လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ