အပစ်​ရပ် သဘောတူ​ရေး ပြန်လည် တွေ့​ဆုံ နိုင်​ဖို့ ချင်း​မိုင်​မှာ အကြို ဆွေးနွေး

  • 20 ဇန်နဝါရီ 2015
upwc_ncct
Image caption သမ္မတ က ပြည်ထောင်စု နေ့ အမီ အပစ်ရပ် လက်မှတ် ထိုး လိုကြောင်း ပြောထား ပေမယ့် နောက်တစ်ကြိမ် ပြန် တွေ့ကြဖို့ မရေမရာ ဖြစ်နေပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စဲ ရေး သဘောတူ စာချူပ် ချူပ် ဆိုနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ အကြား ပြန်လည် တွေ့ဆုံ နိုင်ဖို့ အကြို ဆွေးနွေးပွဲ ကို ဒီနေ့ ချင်းမိုင် မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ NCCT နဲ့ မြန်မာ ပိစ် စင်တာ က တာဝန် ရှိသူတွေ တွေ့ကြပါမယ်။

ကချင် လက်နက် ကိုင် ကေအိုင်အေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ အပေါ် စိတ် အားမသန် ဖြစ်နေတယ် ဆိုတဲ့ စွပ်စွဲချက် အပေါ် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ငြင်းပယ် လိုက်ပြီး၊ အပစ်ရပ်ရေး တွေ့ဆုံ ကြဖို့ ပြည်ထောင်စု အစိုးရ ဆီက ပိုမို ခိုင်မာ တဲ့ အာမခံချက် ကိုသာ ကေအိုင်အေ အနေနဲ့ ရရှိလိုတာ ဖြစ်တယ် လို့လည်း အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဘီဘီစီ ကို ပြောပါတယ်။

အခုလို ခေါင်းဆောင်ပိုင်း ကနေ နိုင်ငံရေး အရ သဘောတူ မှုတွေ ပြုလုပ်သည့်တိုင် အောက်ခြေပိုင်း ၂ ဘက်တပ် တွေ အကြား ရင်ဆိုင် ပစ်ခတ်မှုတွေ တိုက်ပွဲတွေ ဖြစ်ပေါ် နေတဲ့ အခြေအနေ နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အစိုးရ တပ် က ကျင့်သုံးလေ့ ရှိတဲ့ ဖြတ် ၄ ဖြတ် ဗျူဟာ အရ တစ်ဖက် အဖွဲ့အစည်း ရဲ့ ဝင်ငွေ ရရှိ နိုင်တဲ့ နည်းလမ်းတွေ ကို ဖြတ်တောက် ဖို့ ကြိုးစားတဲ့ အခါတွေမှာ အကျိုးစီးပွား အပေါ် မူတည်ပြီး တိုက်ပွဲ တွေ ဖြစ်ပေါ် တတ်တဲ့ သဘော သဘာဝ ရှိတယ် လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ ရက်ပိုင်းတွေ က ကေအိုင်အေ နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသ မှာတော့ တိုက်ပွဲ တွေ အေးဆေး နေတယ် လို့ ဒေသခံတွေ က ဘီဘီစီ ကို ပြောပါတယ်။

တခါ၊ ရှမ်းပြည် နယ် မြောက်ပိုင်း က ကျေးရွာ တစ်ခု မှာတော့ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ တွေ အဖြစ် ကချင် နှစ်ခြင်း ခရစ်ယန် အသင်းချူပ် က စေလွှတ်ထားတဲ့ ကချင် အမျိုးသမီး ၂ ဦး ကို ကချင် နှစ်ခြင်း ဘုရား ကျောင်းဝင်း ထဲ ဒဏ်ရာတွေ နဲ့ သေဆုံး နေတာ ကို ပြီးခဲ့တဲ့ တနင်္လာနေ့ ည သန်းခေါင်ယံ ကျော်မှာ ဒေသခံ တွေက တွေ့ ရှိ ခဲ့ရပါတယ်။၊

သေဆုံး ရပုံ အကြောင်းအရင်း နဲ့ ပတ်သက်ပြီး ဆေးရုံရဲ့ တရားဝင် စစ်ဆေးမှု အဖြေ ထွက်ရှိ မလာသေး ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ