မိုး​ကုတ်အနီး ယူ​ရေ​နီ​ယမ် တွေ့​တယ်​လို့ ဆို

  • 20 ဇန်နဝါရီ 2015
_tay_za ဓာတ်ပုံ မူပိုင် AFP
Image caption ယူရေနီယမ် သတ္တုကို မိုးကုတ် အနီး ဟုန်ဒန် ရွာ ကနေ တွေ့ခဲ့တာ ဖြစ်ပြီး အစိုးရ ဆီကို အပ်နှံ နိုင်ဖို့ ဆက်လက် ရှာဖွေ သွားမယ် လို့လည်း ဦးတေဇ က ဆိုပါတယ်။

မိုးကုတ်မြို့ ဝန်းကျင် ကနေ တူးဖော် ရရှိခဲ့ တဲ့ သတ္တု အမျိုးစား တစ်ခု ဟာ နျူကလီယာ စွမ်းအင် ထုတ်လုပ် နိုင်တဲ့ ယူရေနီယမ် ဖြစ်တယ် ဆိုတာ ကို တရုတ် ပညာရှင် တွေနဲ့ စမ်းသပ် အတည်ပြု ပြီး အစိုးရ ဆီကို လွှဲပြောင်း ပေးခဲ့တယ် လို့ လက်ဝယ် ရရှိခဲ့ တဲ့ ထူးကုမ္မဏီ လုပ်ငန်းစု ပိုင်ရှင် ဦးတေဇ က သတင်းစာ ရှင်းလင်းပွဲ လုပ် ပြောဆို ပါတယ်။

မိုးကုတ် အနီး ဟုန်ဒန် ရွာ ကနေ တွေ့ခဲ့တာ ဖြစ်ပြီး အစိုးရ ဆီကို အပ်နှံ နိုင်ဖို့ ဆက်လက် ရှာဖွေ သွားမယ် လို့လည်း ဦးတေဇ က ဆိုပါတယ်။

ရေဒီယို သတ္တိကြွ ယူရေနီယမ် ပါဝင်တဲ့ တွင်းထွက် အမျိုး အစား တွေကို မိုးကုတ် ကျောက်လွှာ နဲ့ ရှမ်းကုန်းမြင့် အနောက် ဘက်စွန်း တလျှောက် မှာ တွေ့ခဲ့ ရဖူးပေမယ့် စီးပွားဖြစ် တူးဖော် နိုင်တဲ့ ပမာဏမျိုး အထိတော့ များများ စားစား ရှာဖွေ နိုင်ခဲ့တာ မျိုး မရှိဘူး ဆိုပြီး မြန်မာနိုင်ငံ ဘူမိ သိပ္ပံ အသင်းက တွဲဘက် အတွင်းရေးမှူး ဦးစိုးသူရထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း မြန်မာ အစိုးရ ရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီး ဌာန အနေနဲ့ ရော စစ်တပ် ကပါ ယူရေနီယမ် သတ္တု တွေ့ရှိ နိုင်ဖို့ ကြိုးစား ရှာဖွ နေတဲ့ သတင်း တွေ ကြားနေ ခဲ့ ရတယ် လို့လည်း ဦးစိုးသူရထွန်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ