အမတ်တွေ လစာတိုးမယ့် ဥပဒေကို ပြည်ထောင်စု လွှတ်တော် အတည်ပြု

  • 22 ဇန်နဝါရီ 2015
18oct_2012_parliament_afp ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်ထောင်စု အဆင့် လွှတ်တော် အမတ်တွေ လစာ ကျပ် ၁၀ သိန်း ရတော့မယ်။

လွှတ်တော် အမတ်တွေ ရဲ့ လစာငွေ ကို ၃ ဆ ဝန်းကျင် အထိ တိုးပေးမယ် ဆိုတဲ့ ဥပဒေကြမ်း နဲ့ ပတ်သက် လို့ သမ္မတ က တဖြည်းဖြည်း ချင်း တိုးယူဖို့ မှတ်ချက် ပေးခဲ့တဲ့ အပေါ် ပြည်ထောင်စု လွှတ်တော် က ပယ်ချ လိုက်ပြီး သတ်မှတ် ထားတဲ့ ပမာဏ အတိုင်းသာ လစာငွေ တိုးပေးဖို့ ကိုပဲ ဇန်နဝါရီ ၂၂ ရက် တုန်းက အတည် ပြုလိုက် ပါတယ်။

ပြည်ထောင်စု အဆင့် လွှတ်တော် အမတ် တွေဟာ တစ်လကို နဂို ၃ သိန်း ကနေ အခုတော့ ကျပ် ၁၀ သိန်း လစာ ရမှာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် အမတ်တွေက နဂိုက ၂ သိန်း ဖြစ်ပြီး အခု အခါ ၅ သိန်းရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီး အဖွဲ့ဝင် တွေက နဂိုက ၁ သိန်း ဖြစ်ပြီး အခု အခါ ၃ သိန်း ရမှာ ဖြစ်ပါတယ်။

အမတ် တွေ ရဲ့ အသုံး စားရိတ် ထောက်ပံ့ ငွေတွေ ကိုလည်း အသီးသီး တိုးမြင့် လိုက်ပါတယ် လို့ ပြည်သူ့ လွှတ်တော် အမတ် ဦးရဲထွန်း က ဘီဘီစီကို ပြောပါတယ်။ တိုးမြင့် လစာငွေ နှုန်းထား တွေ ဟာ လာမယ့် ဧပြီလ က စတင်မှာ ဖြစ်ပါတယ်။

အဆိုပါ လွှတ်တော် အမတ်တွေ ရဲ့ လစာငွေ နဲ့ ချီးမြင့်ငွေ စရိတ် ဥပဒေကို သမ္မတ က ၁၄ ရက် အတွင်း လက်မှတ် မထိုးရင် လည်း ဥပဒေ အဖြစ် အသက် ဝင်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ