ပညာရေး ဥပဒေ ကန့်ကွက်လို့ ပြင်ဖို့ စီစဉ်

  • 23 ဇန်နဝါရီ 2015
naypyidaw
Image caption ဥပဒေကြမ်း တင်ဖို့ ပညာရေး ဌာနကို လွှတ်တော်က ပြန်လွှဲ

ဇန်နဝါရီ ၂ဝ ရက် က စပြီး အမျိုးသား ပညာရေး ဥပဒေ ကို ကန့်ကွက် ဆန္ဒပြ ဖို့ မန္တလေး ကနေ ရန်ကုန် ကို လမ်းလျှောက် ဆန္ဒပြ နေတဲ့ ကျောင်းသား တွေဟာ ၄ ရက်မြောက် နေ့ မှာ နွားထိုးကြီး မြို့နယ် ထဲကို ရောက်လာ ပြီ ဖြစ်ပါ တယ်။

လမ်းလျှောက် လာရ လို့ တချို့ ခြေထောက် တွေ ပေါက်ပြဲ နာကျင် လို့ ပတ်တီး စီးပြီး ဆက်လျှောက် နေကြပါတယ်။

ကျောင်းသားတွေ က ဖေဖေါ်ဝါရီ ၁၅ ရက် မှာ ရန်ကုန်ကို အရောက် သွားကြ ဖို့ စီစဉ် ထားတယ် လို့ သိရ ပါတယ်။

ကျောင်းသားတွေ ကန့်ကွက် နေတဲ့ ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင် စရာ ရှိတာ ပြင်ပါ ဆိုပြီး သမ္မတက လွှတ်တော် ကို ဒီအပတ် ထဲမှာ သဝဏ်လွှာ ပို့ခဲ့ပါတယ် ။

ဒါကို လွှတ်တော် က ပညာရေး ဝန်ကြီး ဌာန ကို အမျိုးသား ပညာရေး ဥပဒေ ကို ပြန်လည် ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်ပြဖို့ ဇန်နဝါရီ ၂၂ ရက် နေ့က ပြန်ပြီး လွှဲအပ်ခဲ့ပါတယ်။

ဥပဒေ ပြင်ဆင်မှု တွေ အမြန်ဆုံး တင်သွင်း ဆောင်ရွက် သွားဖို့ ပညာရေး ဌာန ကို တောင်းဆို ထားတယ် လို့ ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြဦး က ပြောပါတယ်။

ကျောင်းသားတွေ လိုလားတဲ့ သမဂ္ဂ ဖွဲ့စည်းရေးလို ကိစ္စ တွေကို တက္ကသိုလ်ရဲ့ သီးခြား အုပ်ချုပ်ပိုင်ခွင့် တွေမှာ အကျုံးဝင်တဲ့ အတွက် ဒီဥပဒေမှာ အသေးစိတ် မထည့်သွင်း ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ