ဦး​ဝီ​ရ​သူ ပြောဆို​မှု​ကို ပြန်ကြား​ရေး တိုက်ရိုက် အရေး​မယူနိုင်

  • 23 ဇန်နဝါရီ 2015
u_ye_htut_ ဓာတ်ပုံ မူပိုင် AFP
Image caption ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း ဖြစ်စေက စတင်ပြီး ဆောင်ရွက် ရမှာမျိုး ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။

ကုလသမဂ္ဂ သံတမန် တစ်ဦး ဖြစ်တဲ့ မစ္စ ယန်ဟီလီ ကို စင်ပေါ်မှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး တွေ သုံးစွဲပြီး လူအများကို ဟောပြော ခဲ့တဲ့ အရှင် ဝီရသူ နဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အနေနဲ့ တိုက်ရိုက် ပါဝင် ဆောင်ရွက် လို့ မရကြောင်း နဲ့ သာသနာရေး ဝန်ကြီး ဌာနကို တော့ အကြောင်းကြား ထားတယ် ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

ဦးဝီရသူ ရဲ့ ဟောပြောမှု အပေါ် ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က ပြစ်တင် ဝေဖန်မှု တွေ ပြုလုပ် လာပြီး အရေးယူ ပေးဖို့ မြန်မာ အစိုးရ ကို တောင်းဆိုမှု တွေ ရှိလာ ပေမယ့် ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း က ဖြစ်စေ စတင်ပြီး တရားစွဲဆို တာမျိုး လုပ်ဖို့ လိုအပ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ဝေဖန်မှု တွေ ကို လက်ခံ ပေမယ့် ပုဂ္ဂိုလ်ရေး စော်ကားမှု နဲ့ ဘာသာရေး လူမျိုးရေး စော်ကား တိုက်ခိုက်မှု မျိုး ကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို လက်မခံ ပါကြောင်း ဦးရဲထွဋ် က ပြောပါတယ်။

သာသနာ့ ဝန်ထမ်း ပုဂ္ဂိုလ်တွေ အနေနဲ့ ဝေဖန်စရာ တွေ ရှိရင်တောင် မှ ပိုပြီး ယဉ်ကျေး သိမ်မွေ့တဲ့ စကားလုံး တွေ နဲ့ ပြောသင့်တယ် လို့ သူ့ အနေနဲ့ ထင်မြင်ကြောင်း ဦးရဲထွဋ် က မှတ်ချက် ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ