ပေါက်တော မွတ်ဆလင် ဒုက္ခသည်စခန်း မီးလောင်

  • 25 ဇန်နဝါရီ 2015
pauktaw ဓာတ်ပုံ မူပိုင် Reuters
Image caption မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ပေါ့ဆမီး လောင်ကျွမ်း

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းမှာ သောကြာ နေ့ ညနေ က မီးလောင်တဲ့ အတွက် ရှစ်ခန်းတွဲ အဆောင် ၁ဝ လုံး မီးထဲ ပါသွားခဲ့ပြီး လူပေါင်း ၄၅ဝ၊ မိသားစု ၁ဝ၆ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွား ပါတယ်။

မီးဟာ သောကြာနေ့ ညနေ ၃ နာရီ က စလောင်ကျွမ်း ပြီး ၄ နာရီကျော်မှာ ငြိမ်းသွား ပါတယ်။

ပေါ့ဆမီး ဖြစ်တယ် လို့ ပေါက်တော မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်စိုးလွင် က ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်း တွေ စတင် နေပြီး ဆန်ဆီဆားက အစ ထောက်ပံ့ ထားတယ် လို့ ပြောပါတယ်။

ယူနီဆက်နဲ့ တခြား ကူညီရေး အဖွဲ့ တွေက ရွက်ဖျင်တဲတွေ လာထိုးပေး သွားတယ်လို့ သိရပါတယ်။

ဒီစခန်းမှာ နေထိုင်နေသူ ၆ဝဝဝ လောက် ရှိပါတယ်။

မီးစလောင် တဲ့ အဆောင် ပိုင်ရှင် ကိုတော့ ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ