မန္တလေး နန်းတွင်း ထောင်ဖေါက် ထွက်ပြေး

  • 26 ဇန်နဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မန္တလေးတိုင်း စစ်တပ် ထောင်ဟာ ကျုံးရေ ပတ်လည် ဝိုင်းနေတဲ့ မန္တလေး နန်းတွင်း ထဲမှာ တည်ရှိ

မန္တလေးမြို့ နန်းတော် တွင်းရှိ စစ်ထောင် အစောင့် တပ်ကြပ် တစ်ဦးကို သတ်ပြီး စစ်ဘက် ထောင်သား ၈ ဦး ထောင်ဖေါက် ထွက်ပြေး သွားပါတယ်။

မန္တလေးတိုင်း စစ်တပ် ထောင်ဟာ ကျုံးရေ ပတ်ပတ်လည် ဝိုင်းနေတဲ့ မန္တလေး နန်းတွင်း အထဲမှာ ရှိတာ ဖြစ်ပြီး ကျုံးရဲ့ အနောက် မြောက် ဒေါင့်ဘက် ကနေ ရေကူး ထွက်ပြေး တာကို မြင်သူတွေ ရှိတယ်လို့ ရပ်ကွက် သား တစ်ဦးက ပြောပြ ပါတယ်။

ဒီဖြစ်ရပ်ဟာ တနင်္ဂနွေနေ့ မနက် ၂ နာရီ လောက် မှာ ဖြစ်ပွား ခဲ့တာ လို့ ဆိုပါတယ်။

အစောင့် တပ်ကြပ် တစ်ဦးကို သတ်ပြီး ထွက်ပြေး သွားတဲ့ ထောင်သား ၈ ဦး ထဲမှာ တပ်ပြေးတွေ ပါသလို စစ်ဘက် ဆိုင်ရာ ပြစ်မှု ကျူးလွန် သူတွေ လည်း ပါတယ်လို့ မန္တလေးမြို့ က သတင်းထောက် တစ်ဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်တပ် ဘက် ကိုရော အစိုးရ တာဝန် ရှိ သူတွေ ဘက်ကို သတင်း ထောက်တွေ အတည်ပြု မေးမြန်း ပေမယ့် တရားဝင် ထုတ်ဖေါ် ပြောကြား မယ့်သူ မရှိသေး ပါဘူး။

မန္တလေး အခြေစိုက် သတင်း ထောက်တွေ ကတော့ နီးစပ်ရာ တာဝန်ရှိ သူတွေကို မေးမြန်း ပြီး သတင်း တွေ ရေးသား ဖေါ်ပြကြ ပါတယ်။