ရခိုင်မှာ လူ ၄၀၀ ကို စပြီး နိုင်ငံသားစိစစ်

  • 27 ဇန်နဝါရီ 2015
Immigration ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံသားအပြင် လူဦးရေ စိစစ်ဖို့ ၂၀၁၄ တုန်းက အာဏာပိုင်တွေ ရခိုင်ကို သွားရောက်ခဲ့

တစ်နိုင်ငံလုံးမှာ နိုင်ငံသားစီစစ်ပြီး မှတ်ပုံတင်တွေ ထုတ်ပေးဖို့ကို တစ်နှစ်ကို ၂ ကြိမ်လုပ်ပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဲဒီထဲမှာ ရခိုင်ပြည်နယ်မှာလည်း စတင် စိစစ်နေပြီလို့ ရခိုင်ပြည်နယ် လဝက မှူး ဦးခင်စိုးက ပြောပါတယ်။

အခုလ ၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်မှာ လူပေါင်း ၃၈၃ ဦးကို စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနဲ့ မောင်းတောက လူတွေကို ဥပဒေနဲ့အညီ စိစစ်နေတာ ဖြစ်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။

ဇန်နဝါရီကနေ မတ်လအတွင်း မြို့နယ်အဆင့်က စိစစ်မှုတွေကို ပြည်နယ်ကို အရင် တင်ပြီး ဧပြီလမှာ ဗဟိုကို တင်မှာဖြစ်တယ်၊ ဇွန်လလောက်မှာတော့ ဗဟိုကနေ သက်ဆိုင်ရာကတ်တွေကို ချပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သီးခြားစီမံချက်နဲ့လုပ်တာမျိုးမဟုတ်ပဲ လဝက အမျိုးသားမှတ်ပုံတင်ဌာနက ပုံမှန်လုပ်ငန်းအခုအနေနဲ့ ဆက်တိုက် စိစစ်ပြီး ၆ လ တစ်ကြိမ် ချေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိမိသဘောတဲ့ လျှောက်လွှာတင်သူတွေကိုပဲ နိုင်ငံသား စီစစ်တဲ့လုပ်ငန်းကို လုပ်သွားမယ်လို့ လဝက ဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်ဌာနက ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောပါတယ်။