ကျောင်းသားတွေနဲ့ ဝန်ကြီး တွေ့မယ်

  • 27 ဇန်နဝါရီ 2015
student ဓာတ်ပုံ မူပိုင် AFP
Image caption ၄ ပွင့်ဆိုင် တွေ့ဆုံရေး ကျောင်းသားတွေ တောင်းဆို

မန္တလေး ကနေ ရန်ကုန် ကို ချီတက် ကြတဲ့ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် တဲ့ သပိတ်မှောက် ကျောင်းသား တွေ ကို တားဆီးမှု တွေ ကို အာဏာပိုင် တွေ ဖယ်ရှား ပေး ပြီးတဲ့နောက် တောင်သာ မြို့ မှာ ညအိပ် ရပ်နား ကြ ပါ တယ်။

အဲဒီထဲ က ကိုယ်စားလှယ် ၂ ယောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ နေပြည်တော် မှာ ကနေ့ တွေ့ဆုံ ကြ မှာ ဖြစ်ပါတယ်။

ကြားခံ ဆက်သွယ်ပေးတဲ့ ဝန်ကြီး အဆင့် နဲ့ တွေ့ဖို့ ထက် လွှတ်တော် နာယက စတဲ့ ဥပဒေ ပြင်ဆင်ရမယ့် လွှတ်တော် ဘက်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အမျိုးသား ပညာရေး ကွန်ယက် က လူတွေနဲ့ တွေ့လိုတယ်လို့ သပိတ်မှောက် ကျောင်းသား တွေ ထဲက ခေါင်းဆောင် တယောက် ဖြစ်တဲ့ ဗကသ တွဲဖက် အတွင်းရေးမှူး ကို မင်းသွေးသစ် က ပြောပါတယ်။

သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တွေထဲက ကိုအောင်မှိုင်းဆန်း နဲ့ တိုင်းရင်းသား ရေးရာ ကော်မတီက ကို နန္ဒ စစ်အောင် တို့ နေပြည်တော်ကို သွားပြီး တွေ့ကြမှာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ပညာရှင် အဖွဲ့က ပညာရေး မူဝါဒ ချမှတ် ပေးရေး၊ ပညာရေး အသုံးစရိတ် ကို တနှစ်မှာ ၁၅ က ၂ဝ ရာခိုင်နှုန်းထိ တိုးပေးဖို့ ကျောင်းသား တွေက တောင်းဆို ကြပါတယ်။

မနှစ်က ပညာရေး ဘက်ဂျက် ၈ ခိုင်နှုန်းထိ အစိုးရက တိုးမြှင့် ပေးခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ်က ၂၇ ရာခိုင်နှုန်း ရှိတယ်လို့ ကျောင်းသား တွေက ပြောကြား ပါတယ်။

ငြိမ်းစုစီ ဆန္ဒပြ နည်းဥပဒေ ပုဒ်မ ၁၈ က မူလ ဥပဒေပါ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်ကို ချိုးဖောက်နေတယ်လို့ ကျောင်းသား ခေါင်းဆောင် ကို မင်းသွေးသစ် က ပြောပါတယ် ။

တောင်သာမှာ ညအိပ်ရပ်နား စဉ် မြို့ခံ တွေက သောင်းသောင်းဖြဖြ ကြိုဆို ကြပြီး နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေက တာဝန်ယူ စောင့်ရှောက် နေလို့ သပိတ်မှောက် ကျောင်းသားတွေ လုံခြုံရေး စိတ်ချရတယ်လို့ ကို မင်းသွေးသစ် က ဆိုပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ