ကျောင်းသားခေါင်းဆောင်တွေနဲ့ အစိုးရ သဘောတူ

  • 28 ဇန်နဝါရီ 2015
Students and government agreed to discuss on 2 February. ဓာတ်ပုံ မူပိုင် bb
Image caption ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့

သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုနေကြတဲ့ အမျိုးသားပညာရေး ဥပေဒ ပြင်ဆင်ရေး အတွက် ၄ ဖွဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ အစိုးရ ဘက်က သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက် မနက်က ကျောင်းသား ခေါင်းဆောင်ကိုယ်စားလှယ် ၁၀ ယောက်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရ ဝန်ကြီးတွေ လွှက်တော် ဘက်က ကိုယ်စား လှယ်တွေ တွေ့ ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံမှု အရ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အချက် ၄ချက်ထဲမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER နဲ့ ကျောင်းသားတွေ လာမယ့် ဖေဖော်ဝါရီလ တစ်ရက် နေ့မှာ ရန်ကုန် မြို့ တက္ကသိုလ် စိန်ရတု ခမ်းမမှာ စတင် ဆွေးနွေးဖို့နဲ့ ဆွေးနွေးပွဲ စတဲ့နေ့မှာ သပိတ်ရပ်နားဖို့တို့ ပါဝင်တယ်လို့ ဆွေးနွေးပွဲ ကိုယ်တိုင် တက်ရောက်ခဲ့သူ ကျောင်းသား ခေါင်းဆောင် ကိုနန္ဒ စစ်အောင်က ပြောပါတယ်။

အဲဒီ လေးပွင့်ဆိုင် ဆွေးနွေးမှုမှာ ကျောင်းသားကိုယ်စားလှယ်တွေ ဘက်က တင်ပြထားတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေး အဖြေရှာကြမယ်လို့လည်း သူက ပြောပါတယ်။

ဒီလို သဘောတူညီမှုတွေ ရခဲ့တဲ့ တစ်ရက်တည်းမှာပဲ တောင်သာကနေ ထွက်လာပြီး ပုပ္ပါး မြို့ကို ဆက်လက် ချီတက်နေတဲ့ သပိတ်ကျောင်းသားတွေကို ဝဲလောင် အကျော်မှာ လုံခြုံရေးရဲ တွေက လမ်းမှာ တားဆီးဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပုပ္ပါးရောက်ဖို့ ၁၅ မိုင်လောက် အကွာမှာတော့ အဓိကရုဏ်း ဖြိုခွင်းရာမှာ သုံးတဲ့ မီးသတ်ကား ၂ စီးနဲ့ အတူ ရဲအင်အား ၂၀၀ကျော်လောက် ကလည်း တားဆီးဖို့ ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက ကျောင်းသားတွေ လမ်းလျှောက် ချီတက်မသွားဖို့ ပြောပြီး ကားတွေနဲ့ သွားရင်တော့ ခွင်ပြုကြောင်း ပြောတဲ့ကြားက ကျောင်းသားတွေ ဆက်လက် ချီတက် သွားကြ ပါတယ်။

ကျောင်းသားတွေကတော့ ရန်ကုန်အထိ ဆက်လက် ချီတက်သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ