ပညာ​ရေး ပြုပြင်​ရေး ၄ ပွင့်​ဆိုင် ဆွေးနွေး​မယ် ဒီ​နေ့ လုပ်မယ်

  • 31 ဇန်နဝါရီ 2015
bakatha_long_march
Image caption ဆွေးနွေးပွဲ လုပ်နေတဲ့ အချိန်မှာ ချီတက် နေတဲ့ သပိတ် စစ်ကြောင်း ကို ရပ်တန့် ပေးထားပြီး ဆွေးနွေးပွဲ ရလာဒ်ကို စောင့်ကြည့်နေမယ် ဆိုပြီး ကျောင်းသားတွေ ဘက်က ပြောထားပါတယ်။

သပိတ်မှောက် ကျောင်းသား တွေ တောင်းဆို ထားကြတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင် နိုင်ရေး အတွက် ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ကို ဒီနေ့ ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ မှာ ပြုလုပ်ပါမယ်။

ဒီ ဆွေးနွေးပွဲ မှာ ကျောင်းသား ကိုယ်စားလှယ် တွေ တင်ပြ ထားတဲ့ အချက် ၁၁ ချက် ကို ဆွေးနွေး ကြမှာ ဖြစ်ပြီး ကျောင်းသား တွေဘက်က အပြုသဘောဆောင် ဆွေးနွေး သွားမယ် ဆိုပြီး ဗကသ ဦးဆောင်ပြီး မန္တလေး-ရန်ကုန် ချီတက် နေကြတဲ့ ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း က ထုတ်ပြန် ထားပါတယ်။

ဆွေးနွေးပွဲ လုပ်နေတဲ့ အချိန်မှာ ချီတက် နေတဲ့ သပိတ် စစ်ကြောင်း ကို ရပ်တန့် ပေးထားပြီး ဆွေးနွေးပွဲ ရလာဒ်ကို စောင့်ကြည့် နေမယ် ဆိုပြီး ကျောင်းသားတွေ ဘက်က ပြောထား ပါတယ်။

အခုဆို သပိတ် စစ်ကြောင်းဟာ ရေနံချောင်း နားက ဂွေးပင်ရွာမှာ ရောက်ရှိ နေပါတယ်။

ဆွေးနွေးပွဲ ရလာဒ် အဖြေကို စောင့်ကြည့် နေကြတဲ့ ဒေသ အသီးသီး က ကျောင်းသား သပိတ် စစ်ကြောင်း တွေ လည်း ရှိနေတာ မှာ ပုသိမ်မှာ စုစည်း ထားတဲ့ ဧရာဝတီ စစ်ကြောင်း က ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုအောင်ခန့်ဇော် က ဆွေးနွေးပွဲ အပြီး အခု လှုပ်ရှားမှု ဦးဆောင် ကော်မတီ ရဲ့ သဘောထား အတိုင်း လိုက်နာ မယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

စစ်တွေက ကျောင်းသား ခေါင်းဆောင် တစ်ဦး ကတော့ အစိုးရ ဘက်က လိုက်လျော ဖြေလျှော့မှု တွေ ဘယ်လောက် လုပ်မလဲ ဆိုတဲ့ အပေါ် မူတည်ပြီး ကျောင်းသားတွေ ဘက်က တုန့်ပြန် သွားမှာ ဖြစ်သလို အခု အချိန်မှာ တော့ သပိတ်ကို လှန်ပေး မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ