ကျောင်းသားတွေ ဆက်လက် ချီတက်

  • 31 ဇန်နဝါရီ 2015
student
Image caption ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးပွဲ လုပ်ဖို့ သဘောတူ

ကျောက်ပန်းတောင်း ကနေ ရေနံချောင်း ကို ဆက်လက် ချီတက် နေ တဲ့ ဆန္ဒပြ ကျောင်းသား တွေကို အာဏာပိုင် တွေ ဘက် က လမ်း မှာ တားဆီးမှု တချို့ ရှိခဲ့ တယ် လို့ ကျောင်းသား တွေ ဘက်က ပြောကြား ပါတယ်။

ပုဒ်မ ၁၈ နဲ့ ဟန့်တား နှောင့်ယှက် တာ ဖြစ်ပြီး အရင် မြင်းခြံမှာ စွဲဆို ထား တယ် ဆိုတဲ့ အမှု ကိစ္စ တွေ ကို အကြောင်းကြား ခြင်း လည်း မရှိသေးဘူး လို့ သိရပါတယ်။

နေပြည်တော်မှာ အာဏာပိုင် တွေနဲ့ ညှိနှိုင်း ဆွေးနွေး စဉ် ကတော့ ဆန္ဒပြ မှုတွေ ရပ်ပေးရင် ပုဒ်မ ၁၈ နဲ့ စွဲထား တာ တွေ ရုပ်သိမ်း ပေးမယ် လို့ အာဏာ ပိုင် တွေက ကမ်းလှမ်း ခဲ့တယ် လို့ ဆိုပါတယ်။

စနေနေ့ ည ရေနံချောင်း မရောက်ခင် ဂွေးပင်ရွာ အနား က ထန်းခြောက်ပင် ဘုန်းကြီး ကျောင်း မှာ အိပ်စက် ပြီး နောက် ရက် မှာ ရန်ကုန် တက္ကသိုလ် စိန် ရတု ခန်းမ မှာ အစိုးရနဲ့ လေး ပွင့်ဆိုင် ဆွေးနွေးပွဲ တွေ လုပ်သွား မယ် လို့ သိရ ပါတယ်။

ဆွေးနွေးပွဲ လုပ်တဲ့ အခါ မှာ လည်း မူလ တောင်းဆိုချက် ၁၁ ချက် ကို ရအောင် တောင်းဆို သွားကြ မှာ ဖြစ်ပြီး တလ အတွင်း ပြင်ဆင် ပေးဖို့၊ တကယ်လို့ တောင်းဆို တာတွေ မရ ခဲ့ရင် ရန်ကုန်ထိ ဆက်လက် ချီတက် တောင်းဆို သွား မယ် လို့ ဗကသ တွဲဘက် အတွင်း ရေးမှူး ကို မင်းသွေး သစ် က ပြော ပါတယ်။

ဆွေးနွေးပွဲ စတဲ့ ရက်မှာ စခန်းချ နေတဲ့ ဂွေးပင် ရွာမှာ တရားပွဲတွေ ကျင်းပ သွားမယ် လို့ လည်း ကိုမင်းသွေးသစ် က ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ