ပညာရေး ဥပဒေ ပြင်ဆင်ရေး ကျောင်းသား တွေနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေး

  • 1 ဖေဖော်ဝါရီ 2015
Image caption အရင် တောင်းဆို ထားတဲ့ ပညာရေး ဥပဒေ ပြင်ဆင်ရေး ၁၁ ချက် ကိုတော့ မဆွေးနွေး ရသေး

အမျိုးသား ပညာရေး ဥပေဒ ပြင်ဆင်ရေး အတွက် သပိတ်မှောက် ကျောင်းသား တွေနဲ့ လေးပွင့် ဆိုင် ဆွေးနွေး ပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ တနင်္ဂနွေ နေ့က စတင် ဆွေးနွေး ခဲ့ကြ ပါတယ်။

ကျောင်းသား ကိုယ်စားလှယ် တွေက ကြိုတင် တောင်းခံ လာတဲ့ အချက် ၉ ချက် ကို ဆွေးနွေး ခဲ့ကြပြီး၊ အဲဒီ အထဲက အချက် ၈ ချက် ကို အကြမ်းမျဉ်း သဘော တူ ခဲ့ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန် ပါတယ်။

သပိတ်မှာ ပါဝင် နေသူ ဘယ်သူ့ ကိုမှ သပိတ်နဲ့ ပတ်သက်ပြီး အရေး မယူ ရဆိုတဲ့ အချက် ကိုတော့ အစိုးရ ဘက်က သဘော မတူနိုင်သေး ဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေ အရင် တောင်းဆို ထားတဲ့ ပညာရေး ဥပေဒ ပြင်ဆင်ရေး ၁၁ ချက် ကိုတော့ မဆွေးနွေး ရသေးပါ။

ဆွေးနွေး ပွဲနဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကတော့ ကျောင်းသား တွေဟာ အရင် ၁၁ ချက်ကို မဆွေးနွေးဘဲ ကြိုတင် တောင်းခံ ထားတဲ့ အချက် တွေရမှ ဆွေးနွေး မယ် ဆိုတာ မျိုး လုပ် လာတာ ဆိုပြီး ဝေဖန် တာတွေ ရှိပါတယ်။

ကျောင်းသားတွေ ဘက်က လည်း အစိုးရ ဟာ အချိန်ဆွဲ နေတယ် ဆိုတာမျိုး ပြောတာ တွေရှိ ပါတယ်။ NNER ကွန်ယက် နဲ့ အစိုးရ တို့ ကြားမှာလည်း အပြန် အလှန် အပြစ် တင်တာ တွေ ရှိခဲ့ကြ ပါတယ်။

ည ၇ နာရီ လောက် မှာတော့ အစည်း အဝေး ကို ရပ်နား လိုက်ပြီး တော့ လာမယ့် အင်္ဂါ နေ့ ကျရင် နေပြည်တော် ပညာရေး ဝန်ကြီး ဌာနရုံးမှာ ဆွေးနွေး မယ်လို့ သိရ ပါတယ်။

ရေနံချောင်းမှာ ရောက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေ ကတော့ ရန်ကုန် ဆွေးနွေး မှုတွေဟာ ကျေနပ် စရာ အခြေ အနေ မရှိတဲ့ အတွက် မူလ အစီ အစဉ်တွေ အတိုင်း ဆက်လက် ချီတက် မယ်လို့ ပြောပါတယ်။

နိုင်ငံတော် သမ္မတ ရဲ့ လစဉ် မိန့်ခွန်း မှာတော့ အခုလို ကျောင်းသားတွေ သပိတ်မှောက် တောင်းဆို နေတာ တွေနဲ့ ပတ်သက်ပြီး အခု အချိန်ဟာ စာမေးပွဲ ရာသီ ဖြစ်လို့ မိဘတွေ စိုးရိမ် နေကြောင်း၊ ဒီ အတွက် ဆွေးနွေး ပွဲကို မြန်မြန် ဆန်ဆန် သဘော တူညီချက် ရအောင် ဆွေးနွေး ကြဖို့ ပန်ကြားလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ