မူဆယ်မှာ မီးလောင်ထားတဲ့ အလောင်းတွေ တွေ့

  • 3 ဖေဖော်ဝါရီ 2015
kachin ဓာတ်ပုံ မူပိုင်
Image caption ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေ

ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ် မလွန် ဘန်ခါး ကျေးရွာ မှာ မီးလောင် ပြီး သေဆုံး နေတဲ့ လူ(၄) ဦး ရဲ့ အလောင်း တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်း က ရွာခံ တွေ က တွေ့ခဲ့ပါတယ်။

မူဆယ် မြို့နယ် မလွန်ဘန်ခါး ကျေးရွာ ရဲ့ အနောက်ဘက် ကုန်းပေါ် မှာ မီးလောင် သေဆုံး နေတဲ့ လူ(၄) ဦး ရဲ့ အလောင်း တွေ ကို ဒီလ (၁) ရက် နေ့ က ရွာခံ တွေ က တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အလောင်း(၄) လောင်း စလုံး ဟာ မီးလောင် ဒဏ်ရာ တွေ ကြောင့် ရုပ်ပျက် ဆင်းပျက် ဖြစ်နေ တယ် လို့ ဒီအလောင်း တွေ ကို မျက်မြင် တွေ့ခဲ့တဲ့ ရွာသား တဦး က ပြောပါတယ်။ အလောင်း တွေ က ဘယ်သူ ဘယ်ဝါ ဆိုတာ ခန့်မှန်း လို့ မရ နိုင်အောင် ဖြစ်နေ တယ် လို့ ဆို ပေမယ့် လည်း ဒီ မီးလောင် ပြီး သေဆုံး နေသူ တွေက မီးသွေးဖို မှာ အလုပ်လုပ် နေတဲ့ မလွန် ဘန်ခါး ကျေးရွာ က ခရစ်ယာန် အသင်း သား တွေ ဖြစ်ပြီး စစ်တပ် က ဖမ်းခေါ် သွား ခံရသူတွေ ဖြစ်တယ် လို့ အဲဒီရွာက ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) က သင်းအုပ် ဆရာ ဦးခွန်ထွေး က ရှင်းပြပါတယ်။

အခု မီးလောင် သေဆုံး နေသူ တွေဟာ အဓမ္မ ပြုကျင့် ခံရပြီး အသတ် ခံရတဲ့ ကချင် ဆရာမ(၂)ဦး သေဆုံး တာနဲ့ ဆက်စပ် နေတယ် ဆိုပြီး အင်တာနက် စာမျက်နှာ တွေ ပေါ်မှာ သတင်းတွေ ထွက်ပေါ် နေ တာပါ။

မီးလောင် သေဆုံး နေတဲ့ အလောင်း (၄)လောင်း နဲ့ ပတ်သက်ပြီး တော့ မူဆယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော် က သူတို့ ဘက် က သိရှိထားတာ မရှိဘူး လို့ ပြောပါတယ်။

ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) က လည်း ဒီအလောင်း (၄) လောင်းနဲ့ ပတ်သက် လို့ အာဏာပိုင်တွေ ဘက်ကို တိုင်ကြားတာ မျိုးမရှိ သလို အလောင်း တွေက ဘယ်သူ တွေလဲ ဆိုတာ တရားဝင် စစ်ဆေး တာ မျိုး တော့ မရှိသေး ပါဘူး။

ဒီအလောင်း တွေကို ကေဘီစီက ဦးဆောင် ပြီး မလွန်ဘန်ခါး ကျေးရွာမှာ ခရစ်ယာန် ထုံးစံအတိုင်း မြေမြှုပ် သင်္ဂြိုဟ် ခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ