ယာယီ လက်မှတ် ကိုင်သူတွေ မဲပေးခွင့် မရရေး ANP ပါတီ ဆောင်ရွက်မယ်

  • 3 ဖေဖော်ဝါရီ 2015
Image caption ရွေးကောက်ပွဲ အနိုင်ရဖို့ ကိုယ်ကျိုးကြည့်တဲ့ လုပ်ရပ်တွေ သာ ဖြစ်တယ်လို့ ကြေညာချက် မှာ ဖေါ်ပြ

ယာယီ သက်သေခံ လက်မှတ်(White Card) ကိုင်ဆောင် ထားသူ ဘင်္ဂါလီ တွေ မဲပေးခွင့် မရ ရှိရေး ဆက်လက် တိုက်ပွဲ ဝင်မယ် လို့ ရခိုင် အမျိုးသား ပါတီ ANP က ကြေညာလိုက် ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြု ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ဥပဒေကြမ်းမှာ White Card ကိုင်ဆောင် သူတွေ ကို မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ် လိုက်တာကြောင့် ANP ပါတီက အခုလို ကြေညာ လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲ အနိုင်ရဖို့ ကိုယ်ကျိုးကြည့်တဲ့ လုပ်ရပ်တွေ သာ ဖြစ်တယ်လို့ ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

ပြည်ထောင်စုလွှက် တော်မှာ ပြီး ခဲ့တဲ့ ဒီဇင်ဘာလ တုန်းက မဲ ပေးခွင့် မရှိ ဘူးလို့ ဆုံးဖြတ်ပြီး ကာမှ သမ္မတ မှတ်ချက် နဲ့ ပြန် တင်ပြလာ တဲ့အတွက်၊ ထပ်ပြီး မဲခွဲ ရာမှာ တော့ အခုလို ရလဒ် ထွက် လာတာ ကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် အံ့အား သင့်ခဲ့ ရတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွတ် တော် ကိုယ်စားလှယ် ဒေါ်ခင်စမ်းလှိုင် က ပြောပါတယ်။

ဘူးသီးတောင် မြို့ နယ် က အမျိုးသား လွှက်တော် အမတ် ဦးရွှေမောင်း ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒ ခံ ယူပွဲတွေ အတွက် White Card ကိုင်ဆောင် သူတွေ ကို မဲပေးခွင့် ပြု တာဟာ နိုင်ငံသား အားလုံး ပါဝင် နိုင်ရေး ကို ခွင့်ပြု ပေးတာ ဖြစ်လို့ ကောင်းတဲ့ လုပ်ရပ် လို့ ပြောပါ တယ်။

ပြည်ထောင်စု လွှတ်တော်မှာ အခုလို ဆုံးဖြတ် ခဲ့တဲ့ အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲ တွေမှာ White Card ကိုင်ဆောင် သူ တစ်သန်းခွဲ ကျော် လောက် ဟာ မဲ ပေးခွင့်ရ လာဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ