ကျောက်ဖြူ ဒုက္ခသည်တွေ မူလ နေရာ ပြန်လို

  • 4 ဖေဖော်ဝါရီ 2015
refugee rohingya ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုက္ခသည် စခန်းမှာ နှစ်ချီ နေနေရတဲ့ ဒုက္ခသည် တွေ

ရခိုင် ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ ကျောက်တလုံး ဒုက္ခသည် စခန်း က သူတွေ ကို လုံးချင်း အိမ် တွေ ဆောက်လုပ် ပေးဖို့ တာဝန် ရှိသူ တွေနဲ့ ဒုက္ခသည် တွေ အကြား သဘော တူညီချက် မရဘဲ ဖြစ်နေ ပါတယ်။

ကျောက်ဖြူ မြို့နယ် က ဒုက္ခသည် တွေ ဟာ အစ္စလာမ် ဘာသာဝင် တွေ ဖြစ်ပေမယ့် လည်း နိုင်ငံသား မှတ်ပုံတင် တွေ ရှိကြတယ်။

သူတို့ ပိုင်ဆိုင်တဲ့ မြို့ပေါ် က အိမ်ရာ တွေ မှာပဲ ပြန်နေချင် တာကြောင့် အစိုးရ က ဆောက်ပေမယ့် အိမ်လုံးချင်း တွေကို လက်မခံတာ ဖြစ် တယ်လို့ ဆွေးနွေးပွဲ မှာ ပါဝင်သူ ဒုက္ခသည် တဦးကပြောပါတယ် ။

ဒုက္ခသည် ၄ဝ လောက်နဲ့ ခရိုင် က တာဝန် ရှိသူတွေ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အနေ အထား အရ မြို့တွင်းမှာ ပြန်နေဖို့ မဖြစ်နိုင် သေးဘဲ နိုင်ငံသား စိစစ်ရေး လုပ်ပေးနေ ပြီး မြို့နယ် အဆင့် နိုင်ငံသား စိစစ်ပြီး သူ အယောက် ၂ဝဝ ရှိသွားပြီ လို့ ခရိုင် လူဝင်မှု ကြည့်ကြပ် ရေးမှူး ဦးတင့်လွင်ဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ