ပညာရေး ဥပဒေ ပြင်ရေး အစိုးရ မေတ္တာရပ်ခံ

  • 5 ဖေဖော်ဝါရီ 2015
students ဓာတ်ပုံ မူပိုင် Nay Myo Kyaw
Image caption ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှု တွေလို့ အစိုးရ စွပ်စွဲ

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်း ပြီး မိဘ ပြည်သူ တွေ ကို မေတ္တာ ရပ်ခံချက် ဆိုပြီး အစိုးရ က ထုတ်ပြန် ကြေညာချက် ထုတ် လိုက်ပါတယ်။

ဒီကြေညာချက် မှာ ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှု တွေ အပါ အဝင် ဆူပူမှုတွေ ဖြစ်အောင် ကျောင်းသား လူငယ် တွေ ကို အသုံးချ နေသူ တွေ ရှိတယ် ဆိုပြီး စွပ်စွဲ ထား ပါတယ်။

ဒီ ကြေညာချက် ဟာ လက်ရှိ သပိတ်မှောက် ကျောင်းသား တွေ ရဲ့ လှုပ်ရှားမှု တွေ အပေါ် အထင်အမြင် လွဲမှားအောင် ပုံဖျက် နေတာ လို့ သပိတ် ဦးဆောင် ကော်မတီ ဝင် ကို မင်းသွေးသစ် က ပြောပါတယ် ။

၂ဝဝ၇ သံဃာ့ အရေးအခင်းမှာ ပါတဲ့ ရဟန်းတော် တွေကို သံဃာတု တွေ ဆိုပြီး မဟုတ်မမှန် သတင်း လွှင့်ပြီးမှ အကြမ်းဖက် ဖြိုခွဲခဲ့ သလို မျိုး ကျောင်းသား တွေကို ချေမှုန်း နိုင်တယ်လို့ သူက ယူဆ ပါတယ်။

လူမှု ရေး အသင်းအဖွဲ့ တွေနဲ့ ကျောင်းသားတွေနဲ့ ဆက်စပ် လှုပ်ရှား မှုသာ ရှိပြီး ကျောင်းသားတွေ ကလည်း တက္ကသိုလ် ကျောင်းတွေကို ဝင်ရာမှာ ဆိုင်ရာ ဆရာ ဆရာမ တွေကို ခွင့်တောင်း ပြီးမှ စည်းကမ်းတကျ ဝင်တယ်လို့ မင်းသွေးသစ်က ပြော ပါတယ်။

မြင်းခြံမှာ အလံ ဖြုတ်ခဲ့တဲ့ ကိစ္စ ဟာ လည်း ဆိုင်ရာ ကျောင်းအာဏာပိုင် တွေက မချေမငံ ပြောပြီး ကျောင်းထဲ အဝင်မခံ လို့ တင်းမာမှုတွေ ဖြစ်ခဲ့ ရာက မထိန်း နိုင်တဲ့ထိ ဖြစ်သွားတယ် လို့ ရှင်းပြပါတယ်။

ကျောင်းသား သပိတ် စစ်ကြောင်း ဟာ တောင်တွင်းကြီး မှာ ညအိပ် ရပ်နား နေပါတယ်။

သောကြာနေ့ ညအိပ်မယ့် မြို့ ရောက်မှ သပိတ် ဘယ်လို ဆက်သွားမလဲ တိုင်ပင် ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ