ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေ မဲပေးခွင့် ကိစ္စ ဖွဲ့စည်းပုံ ခုံရုံးကို တင်မယ်

Image caption အခြေခံ ဥပဒေမှာ မပါတဲ့ အတွက် ဖွဲ့စည်းပုံ ခုံရုံး က သုံးသပ် ပေးဖို့ ဖြစ်တယ်လို့ လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်

ယာယီ သက်သေခံ လက်မှတ် White Card ကိုင်ဆောင် သူတွေ အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲမှာ မဲပေးခွင့် ရှိတယ် လို့ ပြည်ထောင်စု လွှတ်တော် က ဆုံးဖြတ် လိုက်တဲ့ အပေါ်၊ အခြေခံဥပဒေ နဲ့ ညီ မညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံးရုံးကို တင်ပြ အဆုံး အဖြတ် ယူသွား မယ်လို့ ရခိုင် အမျိုးသား ပါတီ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောကြား လိုက် ပါတယ်။

ဒီလို တင်ပြ နိုင်ရေး အတွက် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၀ ရာခိုင် နှုန်းရဲ့ ထောက်ခံချက် လက်မှတ် တွေ စုဆောင်း ရထား ပြီလည်း ဖြစ်ပါတယ်။

ယာယီ လက်မှတ် ကိုင်ဆောင် သူတွေကို နိုင်ငံသား အခွင့် အရေး ပေးတာဟာ အခြေခံ ဥပဒေမှာ မပါတဲ့ အတွက် ဖွဲ့စည်းပုံ ခုံရုံး အနေနဲ့ ပြန်လည် သုံးသပ် စိစစ် ပေးဖို့ တင်ပြမှာ ဖြစ်တယ် လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

ခုံရုံးတင်ရေး အတွက် အမျိုးသား လွှတ်တော်က စုပြီး ထောက်ခံ ပေးတဲ့ အထဲမှာ ရခိုင် လွှတ်တော် ကိုယ်စားလှယ် တွေ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ကိုယ်စားလှယ် တွေ၊ မွန်၊ ချင်း၊ ဖလုံစောဝါ၊ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွေရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါဝင် ကြပါတယ်။

ဖွဲ့စည်းပုံ ခုံရုံး တင်ပြီးရင်တော့ သမ္မတနဲ့ လွှတ်တော် နှစ်ရပ်က ရွေးထားတဲ့ ကိုယ်စားလှယ် ၉ ဦး ပါတဲ့ ခုံရုံး အဖွဲ့ ကနေ ပြန်လည် ဖြေကြား ပေးရမှာ ဖြစ်ပါတယ်။

ယာယီ သက်သေခံ လက်မှတ် ကိုင် သူတွေ မဲပေးခွင့် ရရေး ဆုံးဖြတ်ချက် ကို ပြင်ပေးဖို့ သံဃာတော်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ခုနှစ်ရက် ဆက်တိုက် ဆန္ဒ ပြပွဲ တွေလုပ် ဖို့ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ