ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အထိမ်းအမှတ်ပွဲ ဖွင့်လှစ်

  • 7 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ဆီလီကွန် ရုပ်တု ကို နတ်မောက် ရာပြည့်ကွင်းမှာ ပြသ ထား

မြန်မာ နိုင်ငံ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေ့နေ့ အထိမ်းအမှတ်ပွဲ နတ်မောက်မြို့ ဗိုလ်ချုပ် ပန်းခြံ ရာပြည့်ကွင်းမှာ စနေ့နေ့ မနက်ပိုင်း က ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီဖွင့်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး တက်ရောက်ပြီး ဖွင့်ပွဲ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ကလည်း အဖွင့် စကား ပြောကြား ခဲ့သလို၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် တို့ အပြင် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုမှာ ပါဝင် ဆောင်ရွက် နေတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဇော် တို့လည်း တက်ရောက် ခဲ့ကြ ပါတယ်။

ရာပြည့်နေ့ အထိမ်း အမှတ် ဗိုလ်ချုပ်အောင်ဆန်း စာဖတ်နေတဲ့ ပုံတူ ဆီလီကွန် ရုပ်တု ကို ထုလုပ်ပြီး နတ်မောက် ရာပြည့်ကွင်းမှာ ပြသ ထားရာ၊ လူအများ အထူး စိတ်ဝင်တစား ကြည့်ရှု ကြပါတယ်။

ဗိုလ်ချုပ်မွေးနေ့ ၁၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗိုလ်ချုပ် နေအိမ် ပြတိုက်မှာ အောင်ဆန်း နှစ်တရာပြည့် မော်ကွန်း ကျောက်စာတိုင် ဖွင့်လှစ် ပေးမှာ ဖြစ်ပါတယ်။

ဒီ နှစ်တရာပြည့် အထိမ်း အမှတ် ပွဲကို ဖေဖေါ်ဝါရီ ၇ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ ကျင်းပ ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ