ကျောင်းသား နဲ့ ပညာရေးကွန်ယက် သတင်းစာရှင်း

  • 7 ဖေဖော်ဝါရီ 2015
student_
Image caption စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ရန်ကုန်ကို ချီတက်

ပညာရေး ဥပဒေ ပြုပြင်ရေး အတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ တွေ အမြန်ဆုံး ပြန်စ ဖို့ သပိတ်မှောက် ကျောင်းသား တွေနဲ့ ပညာရေး ပြုပြင် ရေး ကွန်ယက် ရဲ့ သတင်းစာ ရှင်းလင်းပွဲ က တောင်းဆို လိုက်ပါတယ်။

နေပြည်တော် ဆွေးနွေးပွဲ ကို အစိုးရက တဘက်သတ် ဖျက်သိမ်း ခဲ့တယ်လို့ သူတို့ ဘက်က ရှင်းပြပြီး နောက် ဆွေးနွေးပွဲ တွေမှာ အားလုံး လက်ခံ နိုင်မယ့် ညှိနှိုင်းသူ တွေကိုပဲ ထားရှိဖို့ တောင်းဆို ခဲ့ပါတယ်။

နောက်တခါ ဆွေးနွေးပွဲ တွေမှာ ၄ ဘက်လုံး က လက်ခံ နိုင်မယ့် နေရာ မှာပဲ ကျင်းပဖို့၊ မီဒီယာတွေနဲ့ လေ့လာ လိုသူတွေ ရှေ့မှာ လုပ်ဖို့လည်း သူတို့ ဘက်က လိုလား ပါတယ်။

ပညာရေး ဒုဝန်ကြီး နဲ့ ပညာရေး ပြုပြင် ရေး ကွန်ယက်တို့ ဆွေးနွေးပွဲ တွေ ပြန်စဖို့ ဆွေးနွေး ခဲ့ကြ ပေမယ့် နှစ်ဘက် ဆိုင်ရာ ကို ပြန်ညှိနှိုင်း တင်ပြဖို့ ရှိတဲ့ အတွက် တနင်္လာ နေ့မှ ဆုံးဖြတ်ချက် ချနိုင်မယ် လို့ ပညာရေး ကွန်ယက် က ဒေါက်တာ သိန်းလွင် က ပြောပါတယ်။

သပိတ်မှောက် ချီတက် နေကြတဲ့ ကျောင်းသား တွေ ကတော့ ပင်မ၊ မြေလတ်၊ ဧရာဝတီ စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ရန်ကုန်ကို ချီတက် လာနေ ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ စစ်ကြောင်းက မအူပင်မှာ ညအိပ် ရပ်နားပြီး ပင်မ စစ်ကြောင်းက အောင်လံမှာ ညအိပ် ရပ်နားပါတယ်။

မြေလတ် စစ်ကြောင်း က ချောက်မြို့မှာ ညအိပ် ရပ်နား ခဲ့ပါတယ်။

ဒီ သပိတ်မှောက် ကျောင်းသား တွေ ကို သံဃာနဲ့ အရပ်သား တွေ က ကူညီ နေကြပါတယ်။

သပိတ် ထောက်ခံ တဲ့ ဆန္ဒပြ ပွဲ ရန်ကုန်မှာ တနင်္ဂနွေနေ့ ကျင်းပ မှာ ဖြစ်ပြီး ကျောင်းသား တွေက တော့ သူတို့ သပိတ်ကို အလုပ်သမား လယ်သမား တွေက ပူးပေါင်း ဆန္ဒပြမယ် ဆိုရင် လက်ခံမယ် လို့ သတင်းစာ ရှင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ