သပိတ်မှောက် ကျောင်းသားတွေကို ရန်ကုန်မှာ ထောက်ခံ

  • 8 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ထောက်ခံ ဆန္ဒပြသူတွေက ကျောင်းသား သပိတ် တွေ ရဲ့ လိုအပ်ချက်တွေ ကို ကူညီ မယ်လို့ ပြော

ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက် နေတဲ့ ကျောင်းသား တွေကို ထောက်ခံတဲ့ လှုပ်ရှားမှုကို အရပ်ဖက် အဖွဲ့တွေ နဲ့ ကျောင်းသားတွေ က တာမွေ ဗိုလ်စိန်မှန် ကွင်း ကနေ ဆူးလေ မြို့တော် ခန်းမ ရှေ့ အထိ လမ်းလျှောက် ချီတက် ပြုလုပ်ခဲ့ ပါတယ်။

ဆန္ဒပြ ပွဲကို လူငယ် အရပ်ဖက် အဖွဲ့ဝင် တွေ၊ အမျိုး သမီး အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့ဝင် တွေ ပူးပေါင်း ပါဝင်ပြီး သူတို့ အနေနဲ့ လည်း ကျောင်းသား သပိတ်တွေ ရဲ့ လိုအပ်ချက်တွေ ကို ကူညီ မယ်လို့ ပြောပါတယ်။

ပညာရေး ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ထဲက ပုသိမ် ကနေ ထွက်လာ တဲ့ ဧရာဝတီ သပိတ် စစ်ကြောင်း ဟာ မအူပင် မြို့ကို ရောက်ရှိ နေပါတယ်။

ဒီသပိတ် ထဲမှာတော့ အခြေခံ ပညာ စာမေးပွဲ ဖြေရမယ့် ကျောင်းသားတွေ ပါဝင် နေလို့ သူတို့ တွေကို မိဘတွေ လက်ထဲ ပြန်အပ် ပေး နေရ ပါတယ်။

မန္တလေးက လာတဲ့ ပင်မသပိတ် စစ်ကြောင်းက ကျောင်းသား တွေဟာ တနင်္ဂနွေနေ့မှာ မကွေးတိုင်း ထဲက ကသစ်ကန် ရွာမှာ ညအိပ် ရပ်နား မှာ ဖြစ်ပါတယ်။

မုံရွာ ကနေ ထွက်လာတဲ့ မြေလတ် သပိတ် စစ်ကြောင်းက ကျောင်းသားတွေ ကတော့ မကွေးမြို့ကို ရောက်နေ ပါတယ်။ ထားဝယ် ကနေ စထွက် ကျောင်းသားတွေ ကတော့ မော်လမြိုင်မှာ ညအိပ် ရပ်နားဖို့ ရှိနေပါတယ်။

လောလော ဆယ်မှာ ရန်ကုန်ကို ချီတက် နေတဲ့ ကျောင်းသား သပိတ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီး ကတော့ ကျောင်းသား တွေရဲ့ လှုပ်ရှား မှု ဟာ တိုင်းပြည် တည်ငြိမ်မှု ကို ပျက်ပြားအောင် လုပ်နေတာ ဖြစ်တယ် ဆိုပြီး နိုင်ငံပိုင် သတင်း မီဒီယာ ကနေ ထုတ်ဖော် ပြောကြား ထားပါတယ်။