ကိုး​ကန့်​တပ် MNDAA နဲ့ အစိုးရ​တပ်​ကြား တိုက်​ပွဲဖြစ်

  • 9 ဖေဖော်ဝါရီ 2015
shan_state ဓာတ်ပုံ မူပိုင် google
Image caption ကိုးကန့် တိမ်းရှောင် အဖွဲ့က အစိုးရ စစ်ကြောင်း တွေ ကို နေရာအနှံ့မှာ နှောင့်ယှက် ပစ်ခတ်တာ တွေ လုပ်နေတယ် လို့ စွပ်စွဲ။

ကိုးကန့် နယ် လောက်ကိုင် နဲ့ မော်ထိုက် ဒေသ တွေ မှာ အစိုးရတပ် နဲ့ ဦးဖုန်ကြားရှင် ရဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ အကြား ဖေဖေါ်ဝါရီ ၉ ရက်နေ့ က နေရာ ၃ နေရာ မှာ တိုက်ပွဲ တွေ ဖြစ်ခဲ့တယ် ဆိုပြီး MNDAA ဘက်က ပြောပါတယ်။

အစိုးရ တပ်တွေဟာ ရဟတ်ယဉ် ၃ စီးပါ အသုံးပြုပြီး တိုက်ခိုက် ခဲ့ပြီး ကိုးကန့်တပ်သား ၃ ဦး ဒဏ်ရာ ရခဲ့တယ် လို့ MNDAA ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးထွန်းမြတ်လင်း က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ ရဲ့ ထုတ်ပြန်ချက် ထဲမှာ တော့ သူတို့ အနေနဲ့ တနိုင်ငံလုံး အပစ် ရပ်နိုင်အောင် ကြိုးစား နေပေမယ့် ကိုးကန့် တိမ်းရှောင် အဖွဲ့က စစ်ပွဲတွေ ပြန်ဖြစ် လာအောင် ရည်ရွယ်ချက် ရှိရှိ နဲ့ တပ်မတော် စစ်ကြောင်း တွေ ကို နေရာ အနှံ့မှာ နှောင့်ယှက် ပစ်ခတ်တာ တွေ လုပ်နေတယ် လို့ စွပ်စွဲ ထားပါတယ်။

၂၀၀၉ ခုနှစ် က နယ်ခြားစောင့် တပ် တွေ အဖြစ် ပြောင်းလဲရေး ကို ကိုးကန့်တပ် အနေနဲ့ သဘော မတူ ခဲ့တဲ့ နောက် အစိုးရ တပ်တွေရဲ့ တိုက်ထုတ် တာ ခံခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်း ကတော့ MNDAA ဟာ အင်အား ပြန်လည် စုစည်းပြီး ကိုးကန့်နယ် ထဲမှာ ပြန်လည် လှုပ်ရှား လာခဲ့ရာ က အခုလို ရင်ဆိုင် တိုက်ပွဲ တွေ ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ