ကျောင်းသား ဆန္ဒ​ပြတာ​တွေ ရပ်​ဖို့ အစိုးရ တော​င်းဆို

  • 9 ဖေဖော်ဝါရီ 2015
student_protest
Image caption ဗုဒ္ဓဟူး နေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူ မှု ရထားပါတယ်။

မြန်မာ နိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်လို့ ဆန္ဒပြ ကျောင်းသား တွေ သိရှိရန် ထုတ်ပြန်ချက် ဆိုပြီး အစိုးရ က ထုတ်ပြန်လိုက် တဲ့ အထဲမှာ ကျောင်းသားတွေ ဘက်က ပြီးခဲ့တဲ့ လ ၂၈ ရက် နေ့ တုန်းက လက်မှတ်ထိုး ကတိပေး ထား သလို ဆန္ဒပြမှု တွေ ရပ်ဆိုင်း ပေးပါ လို့ တောင်းဆို ထားပါတယ်။

၄ ပွင့်ဆိုင် တွေ့ဆုံပွဲ ပြန်စ နိုင်ဖို့ ဖေဖေါ်ဝါရီ ၉ ရက် နေ့ က ပညာရေး ဒုဝန်ကြီး နဲ့ တွေ့ဆုံ ခဲ့ရာ မှာ တော့ ဆန္ဒပြမှု တွေ ရပ်တန့်ရေး ကိစ္စ ကို ကျောင်းသားတွေ ဘက်ကလက်မခံ ခဲ့တဲ့ အကြောင်း ကျောင်းသား ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၁ ရက် ဗုဒ္ဓဟူး နေ့မှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စ ဖို့ သဘောတူ မှု ရထား ပါတယ်။

အဲဒီ့ ဆွေးနွေးပွဲ မတိုင်ခင် ရန်ကုန် နယ်နမိတ် ထဲကို ဆန္ဒပြ လမ်းလျှောက်သူ တွေ ဝင်ရောက် မလာဖို့ ရန်ကုန်တိုင်း နယ်လုံ ဝန်ကြီး က ကျောင်းသားတွေ ကို အလွတ်သဘော တောင်းဆို ခဲ့တယ် လို့လည်း ကို အောင်မှိုင်းဆန်း က ပြောပါ တယ်။

အဲဒီ့နေ့ မတိုင်ခင် သပိတ်မှာက် ချီတက် နေသူတွေ ရန်ကုန်တိုင်းထဲ ရောက်လာဖို့ မရှိကြောင်း နဲ့ ၁၁ ရက် နေ့ နောက်ပိုင်းတော့ အာမမခံ နိုင်ကြောင်း ကျောင်းသားတွေ ဘက်က ပြောခဲ့တယ် ဆိုပြီး ကို အောင်မှိုင်းဆန်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ