ကိုးကန့်အဖွဲ့ လောက်ကိုင်တပ်ကို ဝင်တိုက်

  • 11 ဖေဖော်ဝါရီ 2015
kokang
Image caption အမ်အဲန်ဒီအေအေ ကိုးကန့်အဖွဲ့ ဝင် တချို့

ဦးဖုန်းကြားရှင် ဦးဆောင် တဲ့ မြန်မာ တိုင်းရင်းသား ဒီမိုကရက် တစ် မဟာမိတ် စစ်တပ် အမ်အဲန်ဒီအေအေ ကိုးကန့်အဖွဲ့ က လောက်ကိုင် မြို့ အခြေစိုက် ဒကစ ဒေသ ကွပ်ကဲရေး တပ်ဖွဲ့ ကို ဝင်ရောက် တိုက်ခဲ့ပါတယ်။

လောက်ကိုင် မြို့သား တွေ လည်း ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်သူ တွေ လည်း ရှိနေပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ တရုပ်နယ်စပ် အနီးမှာ ရှိတဲ့ လောက်ကိုင် မြို့နားမှာ အင်္ဂါ နေ့ညက တိုက်ပွဲတွေ ဖြစ်ပွား ခဲ့လို့ မြို့ခံ တချို့ ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ ဒေသခံ အမျိုးသမီးကြီး တဦးက ပြောပြပါတယ်။

အင်္ဂါနေ့ မနက်ပိုင်း က စပြီး ကျုံ့ထိုးရှန်း ဒေသမှာ အခြေစိုက်တဲ့ အမ်အဲန်ဒီအေအေ ကိုးကန့်အဖွဲ့ တပ်စခန်း ကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပါတယ်။

ညပိုင်းမှာ တော့ အမ်အဲန်ဒီအေအေ ကိုးကန့် အဖွဲ့ က လောက်ကိုင်မြို့ အခြေစိုက် ဒကစ ဒေသ ကွပ်ကဲရေး တပ် စခန်းကို ဝင်ရောက် တိုက်ခိုက် ခဲ့တယ် လို့ အမ်အဲန်ဒီ အေအေ ကိုးကန့် အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြတ်လင်း က ပြောပါတယ်။

အင်္ဂါနေ့ တနေ့လုံးမှာ ကိုးကန့် အဖွဲ့က ၃ ဦး သေဆုံးတယ် လို့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

အစိုးရဘက် ထိခိုက် ကျဆုံး သတင်းနဲ့ ပတ်သက်ပြီး လောက်ကိုင်နဲ့ ရှမ်းပြည်နယ်က တာဝန် ရှိသူ တွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တိကျတဲ့ အဖြေမရခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ