ဝှိုက်ကတ် ကိုင်သူတွေရဲ့ အနာဂတ်

  • 12 ဖေဖော်ဝါရီ 2015

မြန်မာ နိုင်ငံမှာ ဝှိုက်ကတ် (White Card) လို့ ခေါ်တဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူ တွေဟာ၊ လက်မှတ် သက်တမ်း ကုန်ဆုံး တော့မှာ ဖြစ်ပြီး ပြန်လည် စိစစ် ခံရ တော့မှာ ဖြစ်ပါတယ်။

ဝှိုက်ကဒ် ကိုင်ဆောင် ထားသူ တစ်သန်း ကျော် ရှိနေပြီး၊ သူတို့ ကို ပြန်လည် စိစစ်ဖို့ အတွက် မတ်လ ၃၁ ရက် နေ့ ကနေ မေလ ၃၁ရက် နေ့ အထိ ရက် ပေါင်း ၆၀ နီးပါး အတွင်း နိုင်ငံ တဝန်း အကောင် အထည် ဖော်ဖို့ ရှိတယ်။

အဲဒီလို စိစစ်မှုကို ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ နဲ့ အညီ ဆောင်ရွက် သွားမှာ ဖြစ်ပြီး၊ ဥပဒေနဲ့ ညီ မညီ အပေါ် မူတည်ပြီး ကတ်ပြား ကွဲသွား မယ်လို့၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အားဦး စီးဌာန က ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဘယ်လို ကတ်ပြား မျိုးတွေ ဖြစ်လာမယ် ဆိုတာကိုတော့ လောလော ဆယ် မပြောနိုင် သေးဘဲ၊ စိစစ်ဖို့ အတွက် ဥပဒေ ပညာရှင်တွေ ကို ဖိတ်ခေါ် သွားမယ် လို့ ဦးသောင်းနိုင်ထွန်းက ပြောပါတယ်။

ဥပဒေ ပညာရှင် ဦးကိုနီ ကတော့ မြန်မာ နိုင်ငံ အတွင်းက သွေးနှောတွေနဲ့ ရခိုင် ပြည်နယ်က ပြဿနာ ကိုတော့ သီးခြား ခွဲမြင်ဖို့ လိုပြီး၊ ဝှိုက်ကဒ် ကိုင်ဆောင် သူတွေဟာ စိစစ်မှု အပြီး နိုင်ငံမဲ့ ဖြစ်သွား ရင်တော့ အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေး ကြောညာ စာတမ်း နဲ့ ဆန့်ကျင်မှု ဖြစ်သွား လိမ့်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဝှိုက်ကတ် စိစစ်မယ့် ကာလ ဟာ ၂ လ ပဲ သတ်မှတ် တာကြောင့် တိုတောင်း လွန်းတာရယ်၊ စိစစ်ဆဲ ကာလမှာ သူတို့ကို ဘာကတ် ပြား ပေးထား မယ် ဆိုတာ မသိတဲ့ အတွက် အခက် အခဲ တွေနဲ့ ရင်ဆိုင် ရဖို့ ရှိတယ်လို့ ဥပဒေ ပညာရှင်တွေ ဘက်က ထောက်ပြ ပြောဆိုမှု တွေရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ