ရန်ကုန်ဝင်ရင် တားမယ်လို့ အစိုးရကပြော

  • 13 ဖေဖော်ဝါရီ 2015
student union
Image caption မန္တလေးမှ ရန်ကုန်ချီတက်လာတဲ့ သပိတ်စစ်ကြောင်း

ကျောင်းသားသပိတ်တွေကို ရန်ကုန်မြို့ထဲ မဝင်ဖို့ မြန်မာအစိုးရက ကြေညာချက် ထုတ်ပြန်တားမြစ်လိုက်ပါတယ်။

သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်ကို ဉီးတည်လှုပ်ရှားနေကြတဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာ စိုးလို့တားမြစ်တာလို့ အဲဒီကြေညာချက်မှာဖော်ပြထားပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ကျောင်းသား၊ အစိုးရတို့အပါအဝင် လေးပွင့်ဆိုင် ထပ်မံဆွေးနွေးဖို့ရှိသလို ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျော သဘောတူထားပြီး ဖြစ်တဲ့အတွက် ဆက်လက်မချီတက်ဖို့ အစိုးရက ပြောဆိုပါတယ်။

ကျောင်းသားတွေဘက်ကတော့ အစိုးရကသဘောတူတယ်ဆိုတာဟာ မူအရသဘောတူတယ်လို့ ပြောတဲ့ အခြေအနေသာ ရှိသေးတယ်လို့ ဆိုပြီး လွှတ်တော်က ပယ်ချမှာကိုလည်း စိုးရိမ်ပူပန်ကြောင်း ဖော်ထုတ် ပြောဆိုကြပါတယ်။

သဘောတူညီချက်တွေဟာ ဥပဒေအဖြစ်အတည်ပြုပြီးမှ အာမခံချက်ရှိမှာ ဖြစ်တဲ့ အတွက် ဥပဒေ အတည်ပြုမပြီးမချင်း ဆက်လက် သပိတ်မှောက်သွားမယ်လို့ ဆိုပါတယ်။

အစိုးရဘက်က သပိတ်မှောက်ကျောင်းသားတွေကို အရေးမယူပါဆိုတဲ့ကတိတည်ဖို့ ဖိအားမပေးဖို့လည်း ကျောင်းသားတွေက ဒီနေ့နေ့စွဲနဲ့ပဲ ကြေညာချက်တစောင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။