ကိုး​ကန့်​စစ်​ပွဲ​က ထွက်ပြေး​လာ​သူ​တွေ မန္တလေး​ကို ရောက်လာ

  • 14 ဖေဖော်ဝါရီ 2015
kokang_refugee
Image caption လောက်ကိုင် စစ်ပွဲကြောင့် ကိုယ့်နေရပ်ကို ပြန်ပြေး လာကြသူတွေ ထောင်နဲ့ချီပြီး မန္တလေးကို ရောက်လာ။

ကိုးကန့်နယ် လောက်ကိုင် မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ကြောင့် အဲဒီ့ ဒေသမှာ သွားရောက် အလုပ်လုပ် ကိုင် နေကြတဲ့ မြန်မာ နိုင်ငံ နယ် အနှံ့အပြား လူတွေ ဟာ ထွက်ပြေး လာကြရပြီး အစိုးရ အစီအစဉ် နဲ့ အခုဆို မန္တလေး ကို ရောက်လာသူတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

အခုလို ရောက်လာသူတွေ ယာယီ နားနေ နိုင်ဖို့နဲ့ နေရပ်ရင်း ကို ခရီးဆက် နိုင်ဖို့ အတွက် စည်ပင် အပါအဝင် အစိုးရ အဖွဲ့အစည်းတွေ က ဆောင်ရွက် ပေးနေသလို ပုဂ္ဂလိက အလှူရှင် တွေ၊ ကူညီသူတွေ လည်း ရှိနေပါတယ်။

မြန်မာပြည် အလယ်ပိုင်း တောင်တွင်းကြီးမြို့ ကနေ လောက်ကိုင် ကို ပန်းရံ အလုပ် သွား လုပ်နေရာ ကနေ ပြန်ပြေးလာခဲ့ ရသူ တစ်ဦးက သူကြုံတွေ့ ခဲ့ရတဲ့ လောက်ကိုင် စစ်ပွဲ အခြေ အနေ နဲ့ ပတ်သက်ပြီး မြို့ပေါ် တွေမှာပါ တိုက်ပွဲတွေ ဖြစ်တာ ကြုံခဲ့ရ တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒေသတွင်း လုပ်ငန်းကိုင်ငန်း တွေ အားလုံး ရပ်ထားရ ကြောင်း နဲ့ အစိုးရ ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေ တွေ့ခဲ့ ရကြောင်း ပြန်လည် ပြောပြကြ တဲ့ မျက်မြင် သက်သေတွေ လည်း ရှိပါတယ်။

နောက်ရက် တွေ မှာလည်း အခုလို လောက်ကိုင် ဒေသ စစ်ဘေးဒဏ် ကနေ ရှောင်တိမ်း လာသူတွေ မန္တလေး ကို ရောက်လာဖို့ ရှိကြသေးတယ် လို့ ပြောသူတွေ လည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ