လောက်ကိုင်မြို့ နောက်ဆုံး အခြေအနေ

  • 15 ဖေဖော်ဝါရီ 2015
laukkaing_
Image caption တရုတ် နယ်စပ် နားက လောက်ကိုင်

လောက်ကိုင် မြို့ပေါ် မှာ စနေ နေ့ညက အစိုးရ နဲ ကိုးကန့် တပ်ဖွဲ့ တွေ တိုက်ပွဲ တွေဖြစ်ပွါးခဲ့ ပေမယ့် ဒီနေ့ ညနေပိုင်း အထိ အခြေအနေတွေ ငြိမ်သက် နေ ပါ တယ် ။

လူ ဦးရေ ၆ သောင်း လောက် ရှိတဲ့ လောက်ကိုင် မြို့ပေါ်က လူအတော် များ များ ဟာ ထိတ်လန့် ပြီး မြို့ပေါ်က ထွက် ပြေး တိမ်းရှောင် သွား ကြပြီ လို့လည်း သိရပါတယ် ။

မနေ့က လောက်ကိုင် မြို့ပေါ်မှာ အစိုးရ တပ် က ကိုးကန့် တပ်တွေနဲ့ လောက်ကိုင် မြို့တွင်း မှာ တိုက်ပွဲ ဖြစ်ပွား ခဲ့ ပြီး အလောင်း ၁၃ လောင်း လူ ၈ ဦး နဲ့ လက်နက် ၉၈ လက် ရတယ်ဆိုပြီး သတင်း ထုတ်ပြန်ခဲ့ ပေမယ့် ဒီနေ့ ညနေပိုင်း အထိ တိုက်ပွဲ တွေ ဖြစ်တာ မရှိ ဘူးလို့ ဒေသခံ တွေဆီက သိရပါတယ် ။

လောက်ကိုင်မြို့ဟာ ကိုးကန့် ပလောင် ရှမ်း ဗမာ စတဲ့ လူမျိုးတွေအပြင် တရုတ် လူမျိုး တွေလည်း လာရောက်ပြီး စီးပွားရေး လုပ် ကိုင် နေတဲ့ မြို့ဖြစ်ပါတယ် ။

အရင်က နယ်စပ် အခြေပြု စီးပွားရေး လုပ် ငန်း တွေ နဲ့ စည်စည် ကားကား ရှိခဲ့တဲ့ မြို့ဟာ အခု အခါ မှာ မြို့ပျက် ကြီး လို ဖြစ်နေတယ် လို့ လောက်ကိုင် မြို့ကနေ လားရှိုး ကို စစ်ဘေး တိမ်းရှောင် လာသူ ကိုမိုင်းမျိုးအောင် က ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဟာ လားရှိုး မြို့ ပေါ် က မန်ဆူ ဘုန်းကြီး ကျောင်း က စစ် ဘေးရှောင် ဒုက္ခသည် တွေကို ဒီနေ့ လာရောက် အားပေးခဲ့ ပါတယ် ။

ဖေဖော်ဝါရီ လ ၉ ရက်နေ့ ကစပြီး ကိုးကန့်ဘက်က တိုက် ခိုက်မှု တွေ ကြောင့် တရုတ်- မြန်မာနယ်စပ် ကိုးကန့် ဒေသ မှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ ပြီး ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက် စလုံးက ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဘေဂျင်း မြို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ထားပါတယ် ။

မြန်မာကာကွယ်ရေးဦး စီးချုပ်က တော့ လောက်ကိုင်ဒေသ ကို တိုက်ခိုက်မှု ကို လုံး ဝအလျှော့ပေး မှာ မဟုတ် ဘူး လို့ စနေ နေ့က မြန်မာ စာနယ်ဇင်း ကောင်စီနဲ တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ တာကြောင့် အဲဒီဒေသတဝိုက် မှာ ကိုးကန့်တပ်တွေနဲ့ တိုက်ပွဲ တွေထပ်ဖြစ်ပွား နိုင်တဲ့ အခြေအနေ တွေ ရှိနေပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ