ဝှိုက်ကပ် မဲပေးခွင့် ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်

  • 16 ဖေဖော်ဝါရီ 2015
white card
Image caption ဝှိုက်ကဒ် မဲပေးခွင့်မရရေး ဆန္ဒပြ

နောင် ကျင်းပမယ့် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ တွေမှာ ယာယီ သက်သေခံ လက်မှတ် ကိုင်သူ တွေ မဲပေးခွင့် ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော် အတည်ပြု လိုက်တာ ဟာ အခြေခံ ဥပဒေ နဲ့ မညီဘူး လို့ အခြေခံ ဥပဒေ ခုံရုံး က တနင်္လာ နေ့ က ဆုံးဖြတ် လိုက်ပါတယ်။

ဒီကိစ္စ အခြေခံ ဥပဒေ နဲ့ ညီမညီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၇ ဦး က ဖေဖော် ဝါရီလ ၁၁ ရက် နေ့ က ခုံရုံးတင် ဖို့ လတ်မှတ်ထိုး ပြီး တောင်းဆိုခဲ့ တာ ပါ ။

အခြေခံ ဥပဒေ အရ ခုံရုံးရဲ့ အဆုံးအဖြတ် က နောက်ဆုံးအတည်ဖြစ်ပါ တယ် ။

အခြေခံဥပဒေ နဲ့ ကွဲလွဲတဲ့ အတွက် နိုင်ငံ သား ယာယီ သက်သေခံ လက်မှတ် ကိုင်သူ တွေဟာ အခြေခံ ဥပဒေ ပြင်ဖို့ လာမယ့် မေလ ထဲ မှာ ကျင်းပဖို့ ရှိတဲ့ ဆန္ဒခံယူပွဲ က စပြီး မဲ ပေး လို့ ရမှာ မ ဟုတ် တော့ ပါဘူး ။

ဒီဝှိုက် ကဒ် တွေ မဲ ပေး လို့ မရအောင် နည်းဥပဒေ အတိုင်း သက်တမ်း ကို မတ်လ ၃၁ ရက် နောက်ဆုံး ဆိုပြီး ဖြတ်ချ လိုက်ပြီး ၁၉၈၂ နိုင်ငံ သား ဥပဒေနဲ့ စိစစ် မယ် လို့ အစိုးရ က ပြောထား ပါတယ် ။

ဒါအပြင် စိစစ်ဆဲ ကာလ မှာ ကတ်ပြား တခု ထုတ်ပေးထားမယ် လို့ သိရပါတယ်။

ဥပ ဒေ ပညာရှင် တွေ ကတော့ ဝှိုက်ကဒ် ကိုင်ဆောင် သူတွေ ဒီလို စိစစ်မှု အပြီး နိုင်ငံမဲ့ ဖြစ်သွားမှာ ကို စိုးရိမ် နေကြပြီး နိုင်ငံမဲ့ ဖြစ်သွားရင် အပြည်ပြည် ဆိုင်ရာ လူအခွင့်ရေး ကြေညာ စာတမ်း နဲ့ ဆန့်ကျင်မှာကို ထောက်ပြ ကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ