ချင်းရွှေဟော် လောက်ကိုင် အခြေအနေ

  • 18 ဖေဖော်ဝါရီ 2015
laukkai ဓာတ်ပုံ မူပိုင် Reuters
Image caption တောထဲမှာ ကျန်နေသူတွေကို ခေါ်ထုတ်ဖို့ ကြိုးစား

ကိုးကန့် လက်နက်ကိုင် တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ လောက်ကိုင်မြို့ မှာ ဒေသခံ အားလုံး နီးပါး ထွက်ပြေး သွားကြ သလို လောက်ကိုင် နဲ့ အနီးဆုံး တရုတ် နယ်စပ်က ချင်းရွှေဟော် မြို့ မှာ လည်း အလားတူ ဖြစ်နေ ပါတယ်။

ဖေဖော် ဝါရီ ၁၇ ရက် က ကြက်ခြေနီ ကားတန်း ကို လက်နက်ကိုင် လူတစု က ပစ်ခတ် လို့ လောက်ကိုင် မြို့ကို တာဝန်ရှိသူ ကလွဲလို့ တခြားသူတွေ သွားခွင့် မပြု တော့ပါဘူး ။

သတင်းယူ ဖို့ သွားတဲ့ ဘီဘီစီ သတင်းထောက် တွေကို လည်း ချင်းရွှေဟော် ထိပဲ သွားခွင့် ပြုခဲ့ပါတယ်။

ချင်းရွှေဟော် ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်း က ချင်းရွှေဟော် ရဲ့ လက်ရှိ အခြေအနေ မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် လူတွေ ကြောက်ရွံ့ ထွက်ပြေး နေကြလို့ အင်မတန် ခြောက်ကပ် နေတာ တွေ့ရကြောင်း ပြောပါတယ်။

ချင်းရွှေဟော် မြို့ ဟာလည်း ကိုးကန့် အထူး အုပ်ချုပ် ခွင့်ရ ဒေသ ဖြစ်တာမို့ စစ်အုပ်ချုပ်ရေး နဲ့ စတင် ထိန်းချုပ် နေပြီး သိန္နီ လောက်ကိုင် လမ်းမှာ ယာဉ်အသွားအလာ အတော် နည်းသွားတယ် လို့ ပြောပါတယ်။

မြေပြန့်ကနေ သွားပြီး အလုပ်လုပ်တဲ့ သူတွေ တောတွေ ထဲမှာ ကျန်နေ သေးတာမို့ အဲဒီ လူတွေကို တာဝန်ရှိ သူတွေက ခေါ်ထုတ်ဖို့ ကြိုးစား နေပြီး လောက်ကိုင် ဒေသ ကို စစ်တပ်က လုံးဝ ထိန်းချုပ်နိုင် ဖို့ နောက်ရက် တွေမှာ မြို့ထဲမှာ ကျန်နေ နိုင် သေးတဲ့ လက်နက်ကိုင် ကိုးကန့် တပ်သားတွေ ကို ရှင်းလင်းဖို့ စစ်တပ် က ပြင်ဆင် နေတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ