တိုက်ခိုက်ခံရတဲ့ ကြက်ခြေနီကားသမားနဲ့ မေးမြန်းခန်း

  • 19 ဖေဖော်ဝါရီ 2015
Redcross cars have been attacked ဓာတ်ပုံ မူပိုင် EPA
Image caption ကြက်ခြေနီကားတန်းတိုက်ခိုက်ခံရလို့ လူတွေ ဒဏ်ရာရ

ဖေဖေါ်ဝါရီ ၁၇ ရက်က အတိုက်ခိုက်ခံခဲ့ရတဲ့ ကြက်ခြေနီကား တန်းက ကားမောင်းသမား ကိုဇော်မင်းထိုက်ကို ဘီဘီစီ သတင်းထောက် ကိုနေလင်းက လားရှိုး ဆေးရုံမှာ သွားရောက် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဖြေ-ကိုဇော်မင်းထိုက်

ကျွန်တော်တို့က ဒီအဆင်းမှာ ရွာအဆင်းကနေ ပြန် တက်တဲ့ အချိန်မှာပေါ့နော် အပစ်ခံရတာ၊ အခုဟာက ရန်သူလို့လည်း သတ်မှတ်လို့ ရတာပေါ့၊ ဘာလို့ဆို ကျွန်တော်တို့ ဒီ ကြက်ခြေနီ အလံကြီး ရှိနေတဲ့ အတွက်ကြောင့်မို့လို့ ကြက်ခြေနီ အလံကို ဒီ မြန်မာ ဘက်က ပစတာတော့ ထုံးစံ မရှိဘူး၊ ပစ်လည်း မပစ်ဘူး၊ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ စတက် ကတည်းကလည်း စစ်တပ် အဖွဲ့တွေက လုံခြုံရေး ယူပေးပြီးသား၊ နယ်မြေ ရှင်းလင်းရေးလည်း အကုန်လုံး လုပ်ပေးတယ်၊ ဒီကြားတည်း ငှက်ပြောဖူး ပေါ့နော် လောင်ချာ ဗုံးကြီး တွေ့တာတောင် အကုန်လုံး ရှင်းလင်းရေး အကုန်လုံး လုပ်ပေးသွားတယ်။ တပ်ကလည်း မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ ပစ်တာ ဒါ ရန်သူဆိုတာ ကျွန်တော်တို့ ကြိမ်းသေပေါက် ပြောလို့ ရတယ်။ ကျွန်တော့် အနေနဲ့ ဒီ နှစ်ယောက်လုံး ဖြစ်တဲ့ ဥစ္စာ တပ်ထွက်တွေချည်းပဲ။

မေး-ဘီဘီစီ-ဘယ်အဖွဲ့လို့ ထင်လဲ

ဖြေ-ကိုဇော်မင်းထိုက်

ဒါကိုးကန့် တိုင်းရင်းသားပဲ၊ သူပုန်ပေါ့၊ ကိုးကန့် တိုင်းရင်းသား အခု သူပုန်ပဲ၊ အဲဒီ အဖွဲ့တွေလည်း ကျွန်တော်တို့က ထင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ၉၆-၉၇ သူတို့ နေတယ်၊ မောင်းတံကကိုက ကိုးကန့် မောင်းတံလည်း ဖြစ်တယ်၊ စခန်း ကလည်း ကိုးကန့် စခန်းလည်း ဖြစ်နေတယ်၊ ကိုးကန့် စခန်း အဟောင်း အဲ အဲလို ဖြစ်နေတဲ့ အတွက်ကြောင့်၊ ကျွန်တော်က အဲဒီမှာလည်း နေဖူးတယ်၊ ကျွန်တော်က အဲဒီ နယ်မြေခံလည်း ဖြစ်တော့လေ၊ တိတိကျကျ ပြောရဲတာပေါ့။

မေး-ဘီဘီစီ -ဖြစ်ဖြစ်ချင်း တုန်းက ဘယ်လို ဖြစ်သွားလဲ၊ ပစ်လိုက်တော့၊

ဖြေ- ကိုဇော်မင်းထိုက်

အဲအချိန်က ကျတော့ ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ၊ ကျွန်တော့် အမြင်တော့ စက်လတ်နဲ့ နော် သူတို့ စက်လတ်နဲ့ တရုတ် စက်လတ်နဲ့ ပစ်တယ်လို့ ကျွန်တော်တို့ ထင်တယ်။ အတွဲလိုက်ကို ကုတ်တာ၊ တောက်လျှောက် ကုတ်တာ ၊ အတွဲလိုက် ကုတ်တာ၊ ကျွန်တော်တို့ ရပ်တဲ့ အချိန်မှ သူတို့ လည်းနား၊ ကားရပ်တာနဲ့ တပြိုင်တည်း သူတို့လည်း အနား၊ ကျွန်တော့် ဥစ္စာ စစ်တပ်လို့ ပြောမယ် ဆိုရင်တော့ ပွိုင့်ကား ဖြစ်နေတာပေါ့၊

ဘီဘီစီ-စစ်ကားကို ရွေးပစ်တာပေါ့

ဖြေ-ကိုဇော်မင်းထိုက်- ရွေးပစ်တာ၊ ပွိုင့်ကားနဲ့ နောက်ပိတ်နဲ့ကို ပစ်တာ အလယ်ကို မပစ်ဘူး၊ အဲလို ဖြစ်သွားတယ်၊

မေး-ဘီဘီစီ- အဲတော့ စမှန်တော့ ကျတော့ အစ်ကိုက ဘယ်လို ထိသွားလဲ။

ဖြေ-ကိုဇော်မင်းထိုက်-ထိတာကတော့ သူက တောက်လျှောက်၊ ဘေးဘောင်တွေနဲ့ ထိတာ၊ ခေါင်မိုးကို ပစ်မိတာ၊ ခေါင်မိုးကို ပစ်မိတော့ အစ်ကိုကနေ အော်လိုက်တာ၊ ဟာ ဘုရားဘုရားဘုရား ဟာ ပစ်ပြီ ပစ်ပြီ ကားရပ်လိုက်တော့ ဆိုပြီး မှန်ကို တစ်ချက်၊ ရပ်လည်းရပ် မှန်လည်း အထိ၊ အဲဒီမှာတင် မှန်စက ကျွန်တော့်ကို မျက်လုံးကို မှန်တာပဲ၊ အဲဒီမှာ ကျွန်တော်တို့ ရေမြောင်းလေး ရှိတယ်၊ ရေမြောင်းလေးမှာ ကျွန်တော်တို့ ဝပ်နေရတယ်၊ အခြေ အနေကို ပြန်ကြည့်ရတယ်၊ ထပ်ပစ်မလား မပစ်ဘူးလား၊ အဲဒါကို ကြည့်ပြီးမှ အခြေ အနေကို ကြည့်ပြီးမှ၊ ကျွန်တော်ကလည်း ကျွန်တော့် မျက်စိက ဒဏ်ရာက သွေးက ထွက်နေပြီ၊ အဲဒီမှာတင် ကြက်ခြေနီ အသင်းကလည်း ဆေးဝါးကလည်း အဲဒီ ချိန်မှာ လွတ်ကုန်ပြီ၊ ဆက်သွယ်ရေးကလည်း အကုန်လွတ်၊ မြန်မာ ဖုန်းလည်း မရဘူး၊ တရုတ် ဖုန်းလည်း မရဘူး၊ တစ်ခုမှ မရဘူး၊ အဲဒီမှာ အလံတိုင် အဟောင်းလေး ပါလာတာပေါ့ နှစ်လု သုံးခုပါတော့၊ အဲဒါ မျက်နှာအုပ်၊ အုပ်ပြီး စည်းပြီးမှ ခဏစောင့်၊ စောင့်ပြီးမှ ကျွန်တော်တို့က အဲဒီမှာ အသေအချာလေးကို နောက်ထပ် စပယ်ယာပေါ့ ဒရိုင်ဘာပေါ့ တစ်ယောက် တော့ ရှိတယ်၊ မောင်းတာ စိတ်မချတော့ ကျွန်တော်က ပြန်မောင်း ပေးရတယ် အဲဒီမှာ။

ဒီသတင်းနဲ့ပတ်သက်သမျှ