ပညာရေး ဥပဒေ ဒီလကုန် ပြဋ္ဌာန်းရေး တောင်းဆို

  • 19 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ပင်မ သပိတ် စစ်ကြောင်း ဟာ အခု လက်ပံတန်း မှာ ရပ်နားနေ

အမျိုးသား ပညာရေး ဥပဒေသစ် ကို လာမယ့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ နောက်ဆုံးထား ပြဋ္ဌာန်း ပေးရ မယ်လို့ ပညာရေး ဥပဒေ ပြင်ဆင်ရေး မန္တလေး ရန်ကုန် ပင်မ သပိတ် စစ်ကြောင်း က တောင်းဆို လိုက်ပါတယ်။

အဲဒီလို မဟုတ်ခဲ့ရင်တော့ ရန်ကုန် အထိ ဆက်လက် ချီတက် သပိတ်မှောက် သွားမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြောပါတယ်။

လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ပေးခဲ့ရင်လည်း ကျောင်းသား တွေဟာ ရန်ကုန် ကိုတော့ ရောက်အောင် သွားမှာ ဖြစ်ပြီး အဲဒီ ကနေ မှ ကိုယ့် အရပ် ဒေသကို ပြန်သွား ကြမှာ ဖြစ်တယ်လို့ ကိုကျော်ကိုကို က ပြော ပါတယ်။

ပင်မ သပိတ် စစ်ကြောင်း ဟာ အခု လက်ပံတန်း မှာ သပိတ်ကို ရပ်နား ထားတာ ဖြစ်ပြီး၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ အထိ သပိတ်ကို ဆက်လက် ရပ်ထားမှာ ဖြစ်တယ် လို့ ကျောင်းသား တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ