ကိုးကန့် ဒေသ တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည် ၄ သောင်း လောက် တရုတ်ဘက်မှာ ခိုလှုံ

  • 20 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်-မြန်မာ နယ်စပ်မှာ ပိတ်မိ သူတွေ ရှိ သလို တောတောင် ထဲမှာပဲ ခိုလှုံ နေကြ သူတွေ ရှိ

လောက်ကိုင် ဒေသမှာ တိုက်ပွဲ တွေ ကြောင့် တရုတ် ဘက်ခြမ်း မှာ ဒုက္ခသည် တွေ ၄ သောင်း လောက် ရောက်ရှိပြီ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ ပိတ်မိ နေတဲ့ သူတွေ ရှိ သလို တချို့လည်း နယ်စပ် အနီးက တောတောင် ထဲမှာပဲ ခိုလှုံ နေကြ ရပါတယ်။

နယ်စပ်က မြန်မာ ဘက်ခြမ်း တချို့ နေရာတွေ မှာတော့ ဒုက္ခသည်တွေ အတွက် တရုတ် ဘက်ကနေ မိုးကာ တဲတွေ တန်းစီပြီး ထိုးထား ပေးတယ် လို့ တရုတ် ဘက်ခြမ်း နမ့်စမ်း ဒုက္ခသည် စခန်းကို ရောက် နေတဲ့ ကိုရန် ဆိုသူ ကိုးကန့် လူငယ် တစ်ယောက် က ပြောပြ ပါတယ်။

တရုတ် ဘက်ခြမ်းမှာ အကူ အညီ ရပေမယ့် မြန်မာ နယ်စပ် က ဒုက္ခသည် တွေဟာ နေရေး ထိုင်ရေး အဆင် မပြေ ဘူးလို့ ဆိုပါ တယ်။

ကြာသပတေးနေ့ တုန်းကဆိုရင် မနက်ပိုင်း နဲ့ ညဘက် တွေမှာ အေးပြီး မိုးရွာ တာကြောင့် တောတောင် ထဲမှာ ပုန်းအောင်း နေတဲ့ သူတွေ အတွက် ကျန်းမာရေး စိုးရိမ် ရတယ် လို့လည်း ကိုရန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ