NCCT နဲ့ ငြိမ်းချမ်းရေး စင်တာ ချင်းမိုင် မှာ ဆွေးနွေး

  • 22 ဖေဖော်ဝါရီ 2015
mpc_ncct
Image caption စက်တင်ဘာ နောက်ပိုင်း ဆွေးနွေးပွဲ တွေ ရပ်တန့် နေ

NCCT တိုင်းရင်းသား လက်နက်ကိုင်တွေ ရဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ကိုယ်စားလှယ် တွေနဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ချင်းမိုင် မှာ စနေနေ့ က ဆွေးနွေး ခဲ့ကြ ပါတယ်။

ဒီဆွေးနွေးပွဲက နေ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့ ၇ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲတွေ မတ်လ ၁၂ ရက် နောက်ပိုင်း ရန်ကုန်မှာ ပြန်ကျင်းပဖို့ ဆုံးဖြတ် သဘောတူ ခဲ့ကြ တယ်လို့ MPC က ဦး လှမောင် ရွှေ က ပြောပါတယ်။

စက်တင်ဘာ လ နောက်ပိုင်း ထဲက ဒီဆွေးနွေးပွဲ တွေ ရပ်တန့် နေခဲ့တာ ဖြစ်ပါတယ်။

တဘက်နဲ့ တဘက် ယုံကြည်မှု တည်ဆောက်ရေး အားနည်း ခဲ့လို့ ဒီလို ရှေ့ မဆက် နိုင်ခဲ့ ပေမယ့် ခုလို ဆက် ဆွေးနွေးနိုင် မယ် ဆိုရင် သဘော တူညီမှုတွေ အမြန်ဆုံး ရမယ် လို့ မျှော်လင့်ကြောင်း ဦး လှမောင် ရွှေ က ပြောပါတယ်။

ဒီ ဆွေးနွေးပွဲမှာ ကိုးကန့် ဒေသ တိုက်ပွဲ တွေ အကြောင်း ထည့်သွင်း ပြောဆို မှု တွေ ရှိ ခဲ့ပေမယ့် NCCT ဘက်က တောင်းဆို ထားသလို ကိုးကန့် အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ဆီ ခေါ်ယူဖို့ လောလော ဆယ် မဖြစ် နိုင်သေး ဘူးလို့ သိရပါတယ်။

NCCT ဘက်က နိုင်ဟံသာနဲ့ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ် ဂွမ်မော် စသူတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ