လောက်ကိုင် ဒေသမှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်

  • 23 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption ပစ်ခတ်မှုကြောင့် ကားတစီး ထိခိုက် ပျက်စီးမှု ရှိခဲ့ပြီး၊ လူ အတော် များများ လည်း ဒဏ်ရာ ရ

ကိုးကန့် ဒေသ မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေရာမှာ အရင် ရက်တွေက ကြက်ခြေနီ ကားတန်း တွေ ပစ်ခတ် ခံရတဲ့ လောက်ကိုင် နဲ့ ချင်းရွှေဟော် ကြားက လုံထန် အနားမှာ ပစ်ခတ် မှုတွေ ရှိခဲ့ ပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ကားတစီး ထိခိုက် ပျက်စီးပြီး၊ လူ အတော် များများ လည်း ဒဏ်ရာ ရသွား တယ်လို့ ချင်းရွှေဟော် အုပ်ချုပ်ရေး ဝန်ထမ်း တဦး က ဘီဘီစီကို ပြောပါတယ်။

ကွမ်းလုံနဲ့ သိန္နီကြား နမ့်ဆလတ် ကျေးရွာနဲ့ ကာမိုင်း မှာလည်း ပစ်ခတ်မှု တချို့ ရှိခဲ့ တယ်လို့ အဲဒီ ဒေသမှာ ရောက်နေတဲ့ သတင်းထောက် တွေဆီက သိရ ပါ တယ်။

ဒါပေမယ့် ချင်းရွှေဟော်နားက တရုတ် မြန်မာ နယ်စပ်ဂိတ် အနီး မှာတော့ ကုန်သွယ် မှုတွေ အနည်းငယ် ပြန်စ နေပြီလို့ သိရပါတယ်။

သတင်း သမားတွေ အနေနဲ့ ကိုးကန့် တိုက်ပွဲ သတင်း ရယူ တာ နဲ့ ပတ်သက်ပြီး၊ ဥပဒေ ပုဒ် ၁၇ (၁) ဖြစ်တဲ့ မတရား အသင်းနဲ့ ဆက်သွယ် သူတွေကို အရေးယူ နိုင်တဲ့ ဥပဒေ ရှိနေ ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကာကွယ်ရေး ဝန်ကြီးဌာန သတင်းစာ ရှင်းလင်း ပွဲတုန်းက သတိပေးတဲ့ ပုံစံမျိုး ပြောကြား သွား ခဲ့တာ ရှိပါတယ်။

ဒီလို ပြောကြားချက် အပေါ် The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ကတာ့ ဝေဖန် ပြောကြား လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ