ကျောင်းသားနဲ့ လွှတ်တော် ရက်ချိန်း ကွာဟ

  • 24 ဖေဖော်ဝါရီ 2015
students myanmar
Image caption ၄ ပွင့်ဆိုင် တွေဆုံပွဲ ပြီးနောက် ဥပဒေ ပြင်ဖို့ သဘောတူ

အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်း အပေါ် ကြားနာ မယ့် အစီအစဉ် ကို အမျိုးသား လွှတ်တော် က ထုတ်ပြန် ခဲ့ပြီး ကျောင်းသား ကိုယ်စားလှယ် အဖွဲ့ တွေက မတ်လ ၅ ရက်နေ့မှာ ဆွေးနွေး တင်ပြ ရမှာ ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ကို ပြုပြင်ဖို့ တောင်းဆို ဆန္ဒပြ နေ ကြတဲ့ ကျောင်းသား သပိတ် ဟာ လက်ပံတန်း မှာ ၁ဝ ရက် နားနေကြ ပြီး တကယ်လို့ တောင်းဆိုချက်တွေ မရရင် မတ်လ ၁ ရက်မှာ ရန်ကုန်ကို ချီတက် ကြမှာ ဖြစ်ပါတယ်။

ဒီလို လွှတ်တော် ဘက်က တွေ့ဆုံမှုကို စောစော ခေါ်ရင် ရနိုင်လျက်နဲ့ သတ်မှတ် ရက်ချိန်း ထက် ကျော်ပြီးမှ ခေါ်တဲ့ အတွက် ကျောင်းသား တွေရဲ့ မူလ သဘော တူညီချက် အတိုင်း ၁ ရက်နေ့မှာ တောင်းဆို ချက်တွေ မရခဲ့ရင် ရန်ကုန်ကို ဆက်ချီတက် ရမှာ ဖြစ်တယ်လို့ ကျောင်းသား သပိတ် ပင်မ စစ်ကြောင်း က ဗကသ ခေါင်းဆောင် ကိုမင်းသွေးသစ် က ပြောပါတယ်။

ရန်ကုန်ကို ကျောင်းသားတွေ လာရင် အေးအေးဆေးဆေး မူလ စည်းကမ်းချက်တွေ အတိုင်း ပညာရေး တောင်းဆိုမှု တွေပဲ ဆက်လုပ်မှာ ဖြစ်လို့ အစိုးရ အနေနဲ့ အသာတကြည် ဝင်ခွင့် ပေးသင့်တယ် လို့လည်း သူက ပြောပါတယ်။

အစိုးရ အနေနဲ့ တက္ကသိုလ် ကျောင်းတွေ မှာ ပညာရေး ဥပဒေ မူကြမ်း မှတ်ချက် တောင်းတယ် ဆိုပြီး မူလ ၄ ပွင့် ဆိုင် ဆွေးနွေးပွဲမှာ မပါတဲ့ လှုပ်ရှားမှုတွေ လုပ်နေတာဟာ အစိုးရ ဘက်က ချိုးဖောက်မှု လို့လည်း ပြောပါတယ်။

မဘသ ခေါင်းဆောင် အင်းစိန် ရွာမ ဆရာတော်ဆီ သွားပြီး ပညာရေး ဥပဒေ ပြင်ဆင်ရေး အတွက် ရှင်းလင်း လျှောက်ထားမှာ လို့ သိရပါတယ်။

အကယ်၍ ရဟန်း သံဃာတွေနဲ့ ပြည်သူ တွေ ဘက်က ဥပဒေနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ၊ မကျေလည်မှု တွေ ရှိခဲ့ရင် ဖြေရှင်း ပြုပြင်မှုတွေ လုပ်သွားမှာ ဖြစ်ကြောင်း ကိုမင်းသွေးသစ် က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ