ထိုင်းမြန်မာ အလုပ်သမား အရေး ဆွေးနွေး

  • 24 ဖေဖော်ဝါရီ 2015
Burmese workers in Thailand ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်နေတဲ့ မြန်မာ အလုပ်သမား သိန်းချီရှိ

လာမယ့်လ မတ် ၃၁ ရက်နေ့မှာ သက်တမ်းကုန်တော့မယ့် ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကိုင်ဆောင်သူ မြန်မာအလုပ်သမား ၆ သိန်းကျော်အရေး အတွက် ထိုင်းနဲ့မြန်မာ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြား ရေးမှူးချုပ်တွေ ဘန်ကောက်မြို့မှာ ဆွေးနွေး အဖြေရှာခဲ့ကြ ပါတယ်။

မြန်မာ အစိုးရ ဘက်က အလုပ်သမားတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိသေးတဲ့ အတွက် နိုင်ငံကူး လက်မှတ်အစား ထိုင်းအစိုးရက ယာယီ သက်သေခံ စာအုပ် အစိမ်းရောင်ကို ထုတ်ပေးဖို့ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ထိုင်းညွှန်ကြားရေးမှူးချုပ် စူမေ့တ် မဟိုစွတ်နဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ယာယီသက်သေခံစာအုပ်ထုတ်ပေးရေးက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်ဖြစ်လို့ အကြောင်းပြန်စာ စောင့်နေတယ်လို့ ထိုင်းညွှန်ချုပ်က ပြောပါတယ်။

ဒါပေမဲ့ ထိုင်းက ထုတ်ပေးထားတဲ့ ဘတ်ကတ် အလုပ်လုပ်ခွင့် လက်မှတ်ကို ထိုင်းနိုင်ငံကပဲ သက်တမ်းတိုးပေးဖို့ စီစဉ်ထားတယ်လို့ ထိုင်းညွှန်ချုပ်က ပြောတဲ့အကြောင်း ဦးမျိုးညွှန့်က ပြန်ပြောပါတယ်။

ထိုင်းက အလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးထားတဲ့ မြန်မာအလုပ်သမား ၆ သိန်းကျော် ထိုင်းနိုင်ငံမှာ ဆက်ပြီး အလုပ်လုပ်ခွင့်ရနိုင်ဖို့ သူတို့မှာ ရှိပြီးသား လက်မှတ်ကို ထိုင်းအစိုးရ သက်တမ်းတိုးပေးမယ်လို့ စီစဉ်နေပါတယ်။

မြန်မာ အစိုးရက ထိုင်းမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ တွေ ယာယီ သက်သေခံ စာအုပ်ပေးပြီး ထိုင်းမှာ ဆက်လက် အလုပ်လုပ်ခွင့် ရမယ့် လုပ်ငန်းစဉ် တစ်ခု လုပ်ပေးဖို့လည်း ရှိပါတယ်။

နောက်ပိုင်းမှာ နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းတွေ ဆက်လုပ်ပြီး နိုင်ငံတကာကို သွားလာနိုင်ခွင့်ရှိတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်တွေကို မြန်မာနိုင်ငံက ထုတ်ပေးသွား မယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ