အစိုးရ​စစ်​တပ် စွပ်စွဲ​မှု​ဟာ ပြည်​တွင်း​ငြိမ်း​ချမ်း​ရေး ထိခိုက်​စေ​တယ်​လို့ ဝ​တပ်ဖွဲ့ပြော

  • 25 ဖေဖော်ဝါရီ 2015
_uwsa
Image caption အစိုးရစစ်တပ် စွပ်စွဲချက်ကို တုန့်ပြန်ဖို့ UWSA ဗဟို ကော်မတီ အစည်းအဝေး ကျင်းပ နေ။

ကိုးကန့် ဒေသ စစ်ပွဲတွေ မှာ ကိုးကန့်တပ် တွေ နဲ့ အတူ ပူး ပေါင်း တိုက်နေ တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေ အဖြစ် မြန်မာ စစ်တပ် က စွပ်စွဲ ခဲ့တဲ့ အထဲ ပါဝင်ခဲ့ တဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA က အစိုးရ ရဲ့ အဲဒီ့လို စွပ်စွဲမှု ဟာ ပြည်တွင်း ငြိမ်းချမ်း ရေး နဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေ တခုလုံး ကို အပြင်းအထန် ထိခိုက်စေ တယ် လို့ တုန့်ပြန် ပြောကြား လိုက်ပါတယ်။

သောင်းကျန်းသူ အဖွဲ့ တွေ ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကို မြန်မာ စစ်တပ် က ခေါ်ဝေါ် သုံးစွဲ ခဲ့တဲ့ အတွက် တနိုင်ငံလုံး အပစ်ရပ် ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို ဘယ်လို ဆက်သွား ကြမလဲ ဆိုတာ မေးခွန်းထုတ် စရာ ဖြစ်လာတယ် လို့ UWSA ရဲ့ ပြောခွင့်ရ ဗဟို ကော်မတီဝင် ဦးအောင်မြင့် က ဘီဘီစီ ကို ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး အစိုးရ နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေ လုပ်ဆောင် နေကြ တာ ဟာ နဂို လမ်းကြောင်း ပေါ်မှာ ပဲ ရှိနေ သေးလား ဆိုတာ ပြောလို့ မရသေး ကြောင်း နဲ့ အစိုးရ သဘောထား ပေါ်မှာ အများကြီး မူတည် ကြောင်း လည်း ဦးအောင်မြင့် က ဆို ပါတယ်။

အစိုးရ စစ်တပ် ရဲ့ စွပ်စွဲ ချက်ကို တုန့်ပြန် ဖို့ UWSA နဲ့ မိုင်းလားအဖွဲ့ တို့ အရေးပေါ် ဗဟို ကော်မီတီ အစည်းဝေး ကျင်းပ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ