လောက်​ကိုင် စစ်​ဘေး​ရှောင်​တွေ ရောက်လာ​နေဆဲ

  • 26 ဖေဖော်ဝါရီ 2015
_kokang_refugee
Image caption လောက်ကိုင် ဒေသခံ တချို့ လားရှိုးမြို့ မှာ သောင်တင် နေကြပါတယ်။

လောက်ကိုင် ဒေသမှာ တိုက်ပွဲတွေ အနည်းငယ် ဆက်လက် ရှိနေဆဲ ဖြစ်ကာ အဲဒီ့ ဒေသက စစ်ဘေးရှာင် ဒုက္ခသည် တွေ လည်း လားရှိုး မြို့ ကို နေ့စဉ် ရောက်လာဆဲ ဖြစ်တယ် လို့ ဒုက္ခသည် တွေ ကို ကူညီ စောင့်ရှောက် နေသူတွေ က ပြောပါတယ်။

လောက်ကိုင် မှာ အလုပ် သွားရောက် လုပ် ကိုင်ရင်း စစ်ပွဲတွေ ကြောင့် ပြေးလာရတဲ့ သူတွေ ကို ယာယီ နားနေ စားသောက် ဖို့နဲ့ မန္တလေး ကို ဆက်လက် ခရီး ဆက်နိုင် ဖို့ ကူညီ နေရကြောင်း လားရှိုးမြို့ မန်ဆူး ရှမ်းဘုန်းတော် ကြီး ကျောင်း ဆရာတော် ဦးပုည နန္ဒ ဇောတိက က ဘီဘီစီ ကို ပြောပါတယ်။

လောက်ကိုင် ဒေသခံ အယောက် ၅၀ ဝန်းကျင် လောက် ကတော့ လားရှိုး မြို့မှာ ပဲ ဆက်လက် သောင်တင် နေကြရတယ် ဆိုပြီး ဆရာတော် က မိန့်ပါတယ်။

လားရှိုး မြို့ မှာ သီးသန့် ဒုက္ခသည် စခန်းရယ် လို့ မရှိပဲ အစိုးရ ဌာန တွေ ကတော့ သူတို့ရဲ့ ဝန်ထမ်းတွေ ကို သက်ဆိုင်ရာ ဌာန အဆောက်အဦ တွေ မှာ နေရာ ချထား ပေးတာ မျိုး ရှိတယ်လို့ ဆရာတော် က ပြောပါတယ်။

ဒုက္ခသည် တွေ ရဲ့ စားရေး သောက်ရေး အပါအ၀င် မန္တလေး ထိ ခရီးဆက် နိုင်ဖို့ စေတနာရှင် တွေရဲ့ အကူအညီ တွေ ပေါ် အဓိက မှီခို နေရကြောင်း လည်း ဆရာတော် က ရှင်းပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ