DKBA ခွဲထွက်နဲ့ အစိုးရ တိုက်ပွဲဖြစ်

  • 28 ဖေဖော်ဝါရီ 2015
dkba ဓာတ်ပုံ မူပိုင် AFP
Image caption DKBA အဖွဲ့က ထုတ်လိုက်ပြီး သီးသန့် လှုပ်ရှားနေ

DKBA ခွဲထွက် အဖွဲ့ က ဗိုလ်မှူးကြီး ဆန်းအောင် အဖွဲ့ ဟာ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် က ကျိုက်ဒုံရွာ ဘက် သွားတဲ့ လမ်း မှာ အစိုးရ စစ်တပ် စစ်ကြောင်း နဲ့ တိုက်ပွဲ ဖြစ်ပြီး နှစ်ဘက် အကျအဆုံး တွေ ရှိနေ ပါတယ်။

တိုက်ပွဲ စနေနေ့ ညနေထိ မပြီးသေးဘဲ အစိုးရ စစ်တပ်က လိုက်ပိတ်လိုက်၊ DKBA ခွဲထွက် အဖွဲ့ က ပတ်ရှောင်လိုက်နဲ့ ကြိုကြား ပစ်ခတ်မှု တွေ ဖြစ်ပွား နေတုန်း လို့ သိရပါတယ်။

မြန်မာ စစ်တပ် ရဲ့ စကခ ၁၃ စစ်ကြောင်း က သူတို့လမ်းကြောင်း ကို ဖြတ်တောက် ရာမှာ တိုက်ပွဲ ဖြစ်ကြတာ ဖြစ်ပြီး ဒီတိုက်ပွဲ တွေ အတွင်း အစိုးရ တပ်သား ၂ ယောက်၊ အစိုးရ နဲ့ ပူးပေါင်း တပ်ဖွဲ့ BGF က ၁ ယောက် နဲ့ DKBA ခွဲထွက် ၁ ယောက် ကျတယ် လို့ ထိုင်း လုံခြုံရေး အရာရှိ တွေက ပြောပါတယ်။

ထိုင်းနယ်စပ် ပိုင်ခလိုင်ရွက် ကနေ ၃၅ ကီလိုမီတာ လောက် မှာ တိုက်ပွဲ ဖြစ်တာပါ။

ဗိုလ်မှူးကြီးဆန်းအောင် ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ကျိုက်မရော မြို့ အနား မှာ DKBA နဲ့ အစိုးရ စစ်တပ် တွေ တိုက်ပွဲ အပြီးမှာ သူ့ကို မိခင်အဖွဲ့ DKBA က အဖွဲ့က ထုတ်လိုက် ကြောင်း ကြေညာ ခဲ့ပါတယ်။

အဲဒီနောက် ကော့ကရိတ်နယ် ထဲမှာ သူ့အဖွဲ့ လှုပ်ရှား နေခဲ့ပါတယ်။

မကြာခင်က အဲဒီကနေ မြဝတီမြို့ တောင်ဘက် ထိုင်းနယ်စပ် က ကချောဝါလေးရွာ ရွှေ့လာ ပါတယ်။

ကခေျာဝါလေး မှာ ဗိုလ်မှူးကြီး ဆန်းအောင် ဟာ သူ့အဖွဲ့ အတွက် စစ်သားသစ် တွေ စုဆောင်းပြီး စစ်သင်တန်း ပေးနေတယ် ဆိုတာကြောင့် အစိုးရ စစ်တပ် သူ့အဖွဲ့ ကို လိုက်လံ တိုက်ခိုက် နေတာ လို့ ဗိုလ်ဆန်းအောင်နဲ့ နီးစပ် တဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ