ပညာ​ရေး သပိတ် ချီ​တက်​မှု ပြန်စမယ်

  • 1 မတ် 2015
students_protest_
Image caption ရန်ကုန်တိုင်း အဝင်မှာ သပိတ်ကို ဟန့်တားဖို့ အစိုးရက လုံခြုံရေး အပြည့် ချထားကြောင်း ကျောင်းသားတွေက ပြော။

လက်ပံတန်း မှာ ရပ်နား နေတဲ့ ဒီမို ကရေစီ ပညာရေး သပိတ် စစ်ကြောင်း ဟာ ဒီနေ့ မှာ ဆက်လက် ချီတက် မှာ ဖြစ်တယ် လို့ သပိတ် ဦးဆောင် ကော်မတီ က ကြေညာ လိုက်ပါတယ်။

မတ်လ ၁ ရက် နေ့ မှာ ချီတက်မှု ပြန်လည် စတင်မယ် ဆိုပြီး ပြောထား ပေမယ့် ကျောင်းသား ခေါင်းဆောင် တွေဟာ ရန်ကုန် မှာ သံဃာ အင်အားစု တွေ ၊ နိုင်ငံရေး အင်အားစု တွေ နဲ့ သွားရောက် တွေ့ဆုံ ခဲ့တဲ့ အတွက် အခုလို ၁ ရက် နောက်ကျ ပြီးမှ ပြန်လည် စတင် ရတာ ဖြစ်တဲ့ အကြောင်း သပိတ် ကို ဦးဆောင် နေတဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ဒီနေ့ မှာ သုံးဆယ် မြို့ ကို အရောက် ချီတက် မှာ ဖြစ်ပြီး သုံးဆယ် အလွန် ပဲခူးတိုင်း နဲ့ ရန်ကုန် တိုင်း အစပ် ဥက္ကံ အနီး အာဏာပိုင် တွေ ပိတ်ဆို့ ထားတဲ့ အခြေအနေ ကို စောင့်ကြည့် ရဦး မှာ ဖြစ်တယ် လို့လည်း ကိုရဲရင့်ကျော် က ဆိုပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ရလာဒ် တွေ အပေါ် အစိုးရ က မလေးစား ပဲ လူထု အကြား ဝေဝါး အောင် ပုံဖျက် လာတဲ့ အတွက် ကျောင်းသား တွေ အနေနဲ့ အစိုးရ အပေါ် ယုံကြည်မှု မထား နိုင် ဖြစ်လာ ပြီး ဆက်လက် သပိတ် မှောက် ချီတက် ရတာ ဖြစ်တယ် လို့ ကိုရဲရင့်ကျော် က ပြောပါတယ်။

အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန ကလည်း တကယ်လို့ သပိတ်မှာက် ကျောင်းသားတွေ ရန်ကုန် တိုင်း ဒေသကြီး ထဲ ဝင်လာရင် တည်ဆဲ ဥပဒေ တွေ အရ အရေးယူ သွားမယ် ဆိုပြီး တော့ ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ