သမ္မတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာတွေ ကို ဘယ်လို ဆွေးနွေး တယ်ဆိုတာ ကိုတော့ အသေးစိတ် ထုတ်ဖေါ်ပြော ကြားခြင်း မရှိ

သမ္မတဦး သိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်မှာ တနင်္လာနေ့ ညနေ ၆ နာရီ အချိန်က တွေ့ဆုံခဲ့ ပါတယ်။

သူတို့ ၂ ဦးပဲ သီးသန့် တွေ့တာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် ဆွေးနွေး ခဲ့ကြ တယ်လို့ သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဒါပေမယ့် ဘာတွေ ကို ဘယ်လို ဆွေးနွေး တယ်ဆိုတာ ကိုတော့ အသေးစိတ် ထုတ်ဖေါ်ပြော ကြားခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ မေးမြန်း ရာမှာလည်း အစိုးရက သတင်း ထုတ်ပြန် မယ်လို့ သာ ပြောပြီး တစုံ တရာ ထုတ်ဖေါ် ပြောကြား ခြင်း မရှိပါဘူး။

အစိုးရ အနေနဲ့ အခက် အခဲတွေ ကြုံတွေ့ရ ပြီ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ပြီး နီးနီး ကပ်ကပ် ဆက်ဆံ တာမျိုး ရှိတယ်လို့ ဧရာဝတီ သတင်း ဌာန အယ်ဒီတာချုပ် ဦးအောင်ဇော် က ပြောပါတယ်။

အခုလိုမျိုး တွေ့ဆုံ မှုဟာ ပွင့်လင်းပြီး တိုင်းပြည် အတွက် တကယ်လုပ်ဖို့ လိုအပ်တယ်လို့လည်း အယ်ဒီတာချုပ် ဦးအောင်ဇော်က သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ