သပိတ်မှောက် ကျောင်းသားတွေ လက်ပံတန်းမှာ တားခံရ

student ဓာတ်ပုံ မူပိုင် b
Image caption အောင်မြေဗိမာန် ကျောင်းက ထွက်ခါနီးမှာ တားဆီး

ပဲခူးတိုင်း လက်ပံတန်း မှာ ရက်အတော်ကြာ နားနေတဲ့ ပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသား တွေ ဒီကနေ့ ရန်ကုန်ကို ဆက်လျှောက် ဖို့ ကြိုးစား ပေ မယ့် လုံခြုံရေး အဆမတန် များ တာကြောင့် ညှိနှိုင်းမှု တွေ လုပ်နေ တာ နဲ့ ခရီးမဆက် ဖြစ်ပါဘူး။

ဒီကနေ့ မနက်က ရန်ကုန် ချီတက်ဖို့ သပိတ်မှောက် ကျောင်းသားတွေ လက်ပံတန်းမြို့ အောင်မြေ ဗိမာန် ကျောင်းတိုက် က ထွက်ခါနီးမှာ လုံထိန်းကား ၁၁ စီး ရောက်လာပြီး ကျောင်း ကို ပိတ်ဆို့ခဲ့ပါတယ်။

သပိတ်မှောက် ကျောင်းသားတွေက ပဲခူးတိုင်း နယ်လုံဝန်ကြီးကို အချက် ၈ ချက် တင်ပြ တောင်းဆို ခဲ့ပြီး ဝန်ကြီးက နက်ဖြန် မနက် ၇ နာရီ နောက်ဆုံး ထား အကြောင်းပြန်မယ်လို့ သိရပါတယ်။

သူတို့ တင်ပြ ချက်တွေ ထဲမှာ သာယာဝတီထိ လမ်းလျှောက်မယ်၊ သာယာဝတီ ကနေ ရန်ကုန် ကို ကားစီးမယ်၊ ရန်ကုန် သွားရာလမ်းမှာ အလံ ထောင်မယ် ၊ သီချင်းဖွင့်မယ်၊ လုံခြုံရေး ကားတန်း ခွာလိုက်ရမယ်၊ နောက် ရန်ကုန် သမဂ္ဂ ရင်ပြင် ဒါမှမဟုတ် ရွှေတိဂုံမှာ အခမ်းအနား ကျင်းပပြီး မှ လူစုခွဲမယ် စတဲ့ အချက် တွေ ပါဝင်ပါတယ်။

ဒီဆွေးနွေးမှု တွေ ပြေလည်မှု မရခဲ့ရင် လည်း နက်ဖြန်မှာ ရန်ကုန်ကို ဆက်ချီတက်မယ်လို့ ပင်မ သပိတ် စစ်ကြောင်း ကို ဦးဆောင်သူ တွေထဲ က ဗကသ ဗဟို ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကို ရဲရင့်ကျော်က ပြောပါတယ်။

ရန်ကုန်မှာ သပိတ် စောင့်ကြည့်တဲ့ ရုံးဖွင့်ပြီး လွှတ်တော်ကို ဆက် ဖိအားပေး သွားမယ်လို့လည်း ဆိုပါတယ်။

သပိတ် ရပ်နား နေတုန်း သပိတ်ကို တန်ပြန် ဆန္ဒပြမှုတွေ ရှိ ခဲ့သလို ဥပဒေ ပြင်ဆင်လိုတဲ့ ကျောင်းသား တွေကို ဖိအားပေး တာတွေ ရှိတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ