လောက်ကိုင် တိုက်ပွဲ အရပ်သားတွေ သေဆုံးခဲ့

laukkai ဓာတ်ပုံ မူပိုင် epa
Image caption လောက်ကိုင် ပြည်သူတွေ စစ်ပြေးရှောင်ခဲ့ရ

လောက်ကိုင် ဒေသတိုက်ပွဲ တွေကြား အရပ်ဝတ် နဲ့ သူတွေ ၆၀ ကျော် သေဆုံး ခဲ့ရပြီ လို့ အလောင်း တွေကို အခု ရက်ပိုင်း မှာပဲ မီးသင်္ဂြိုဟ် ပေးခဲ့ ရတဲ့သူ က ပြောပါတယ်။

လောက်ကိုင် မြို့တွင်း မှာ တော့ အလောင်းတွေ မရှိ တော့ဘူး လို့ ဆိုပါတယ်။

သေဆုံးသူ တွေဟာ သေနတ် ဒဏ်ရာနဲ့ ဦးခေါင်းနဲ့ ကိုယ်ခန္ဓာ တွေမှာ ထိမှန် သေဆုံး ကြတာ ဖြစ်ပြီး အမျိုးသမီးနဲ့ သက်ကြီးရွယ်အို တွေ ပါဝင်တယ် လို့ အလောင်း တွေကို မီးသင်္ဂြိုဟ် ပေးခဲ့တဲ့ အမည် မဖော်လိုသူ အဖွဲ့ဝင် တဦးက ပြောပါတယ်။

အလောင်း တွေကို ချက်ချင်း မကောက်နိုင်ဘဲ တပတ် လောက်ရှိမှ မြို့ထဲ ပြန်ဝင်နိုင်တာမို့ အခြေအနေ ဆိုးရွားတဲ့ အလောင်းတွေကို စုပုံ မီးရှို့ခဲ့ရတာ လို့လည်း သူက ပြောပါတယ်။

ဒါဟာ ကိုးကန့်နယ်မှာ အရင်က မကြုံဖူး မမြင်ဖူးတဲ့ ဆိုးရွားမှု တခု ဖြစ်ကြောင်း ကိုးကန့် ဒေသခံ တွေက ဘီဘီစီ ကို ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ