ကိုးကန့် ဒုက္ခသည်တွေ မြန်မာပြည် ပြန်ရ

laukkai ဓာတ်ပုံ မူပိုင် Reuters
Image caption ထောင်ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရ

ကိုးကန့် စစ် ဘေးရှောင် ဒုက္ခသည် ၇ သောင်း လောက် ခိုလှုံ နေတဲ့ တရုပ်ပြည် ထဲက ဒုက္ခသည် စခန်း ကို တရုတ် အစိုးရ က ပြီးခဲ့ တဲ့ ရက် ပိုင်းက ပိတ်လိုက် လို့ ဒုက္ခသည် တချို့ အခက်ခဲ ဖြစ်ပြီး မြန်မာပြည် ထဲ ပြန်ရောက် လာကြ ပါတယ် ။

နန့်ဆန် စခန်း လို့ စစ်ဘေးရှောင် သူတွေက ခေါ် ကြတဲ့ တရုပ် ပြည်ထဲက စခန်း ကိုပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ် ဘက် က ပိတ် လိုက်တာပါ ။

အဲဒီလူ ၇ သောင်း ခိုလှုံနေ တဲ့ စခန်း ကြီး ကို ပိတ်လိုက် တော့ တရုပ် ပြည်ထဲမှာ ဖွင့်ထားတဲ့ အခြား စခန်း လေးတွေ ကို အဲဒီက လူတွေ ရောက်လာလို့ စခန်း လေးတွေ က ဒုက္ခသည် တွေ အခက်တွေ့ ခဲ့ ကြရပါ တယ် ။

တရုပ်ပြည်ထဲမှာ ရောက်နေတဲ့ ဒုက္ခသည် တသိန်းကျော် ရှိနိုင်တယ် လို့ ခန့်မှန်း ကြပြီး အဲဒီထဲ မှာ မြန်မာပြည်မ က လာရောက် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း လုပ် သား တွေ ပါပါ တယ် ။

လောက်ကိုင် မြို့ပေါ် က ပဲ ပြား စက်ရုံမှာ နေထိုင် ပြီး လုပ်ကိုင်တဲ့ ကိုတင့်လွင် ကတော့ သူ လုပ်ခ မရလို့ မပြန်တာ ဖြစ်ပြီး အခု လုပ်ခ ရလို့ နေထိုင်ရာ နေပြည်တော် လယ်ဝေး ကို ပြန်ဖို့ရှိတယ် လို့ပြောပါတယ် ။

လောက်ကိုင် မြို့ပေါ်က ဒေသ တိုက်ပွဲ တွေကြား အရပ်ဝတ် နဲ့ သူတွေ ၆ဝ ကျော် သေဆုံး ခဲ့ရပြီ လို့ အလောင်း တွေကို အခု ရက်ပိုင်း မှာ မီးသင်္ဂြိုဟ် ပေးခဲ့ ရတဲ့သူ က ပြောပါတယ် ။

လောက်ကိုင် မြို့တွင်း မှာ တော့ အလောင်းတွေ မရှိ တော့သလို တိုက်ပွဲ တွေငြိမ်သက် နေပေမယ့် မြို့ ပုံမှန်အခြေနေ ကို မရောက်သေးဘူး လို့ လောက်ကိုင် ကို ပြန်ရောက် လာတဲ့ မြို့ခံ တွေက ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ