ဖားကန့်မှာ မြေပြိုလို့ လူ ၈ ယောက် ပျောက်ဆုံးနေ

  • 8 မတ် 2015
Image caption ပျောက်ဆုံး နေတဲ့ သူတွေကို အစိုးရနဲ့ ကျောက် တူး ကုမ္ပဏီ တို့ ရှာဖွေနေ

ကချင် ပြည်နယ် ဖားကန့်မြို့ မြောက်ဖက်မှာ မတ်လ ၆ ရက် နေ့က မြေပြို မှု ဖြစ်ပွားခဲ့ ပြီး အနည်းဆုံး လူ ဆယ်ဂဏန်း လောက် မြေပိ ပြီး ပျောက်ဆုံး နေတယ်လို့ သိရ ပါတယ်။

ဖားကန့်မြို့ မြောက်ပိုင်း နှစ်မိုင် လောက်ဝေးတဲ့ နေရာ ကွမ်းခါနဲ ရှမ်းစု ရွာ အကြား မမှော်လျှန် မှာ မတ်လ ၆ ရက် နေ့ မနက် ၁၁ နာရီ လောက်က ကျောက်တူး ကုမ္ပဏီ နှစ်ခု ရဲ့ စွန့်ပစ် မြေဇာ ပုံတွေ ပြိုကျ တာ ဖြစ်ပါတယ်။

အနည်းဆုံး လူ ၂၀ သေဆုံး တယ်လို့ ခန့် မှန်းပေမဲ့ အရည် အတွက်ကို စိစစ် နေဆဲ ဖြစ်ပြီး၊ ရဲ ကို ပျောက်ဆုံးကြောင်း တရားဝင် သတင်းပို့ထား တာဟာ ၈ ဦး ပဲ ရှိ တယ် လို့ ရဲ တပ်ဖွဲ့ ဘက်က ပြောပါတယ်။

ပျောက်ဆုံး နေတဲ့ သူတွေကို အစိုးရ ဘက် နဲ့ ကျောက် တူးတဲ့ ကုမ္ပဏီ ဘက်က ရှာဖွေရေး လုပ် နေပါတယ်။

ဖားကန့် မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးကတော့ ဒီသတင်း နဲ့ ပတ်သတ်လို့ ဖြေကြား နိုင်ခြင်း မရှိပါ။

ပြီး ခဲတဲ့ ဇန်နဝါရီ လ ၆ ရက် နေ့က လည်း အခုလို မြေပြို ကျတဲ့ ပုံစံမျိုး ဖြစ်ပွါး ခဲ့ပြီး လူ အများ အပြား သေဆုံးမယ် လို့ ခန့်မှန်း ပေမဲ့ အလောင်း ၄ လောင်း ရှာ အပြီး မှာ ရှာဖွေမှု တွေကို ရပ်နားခဲ့ တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ